Myanmar Idol Season 3 ပြိုင်ပွဲကြီးမှာထူးချွန်တဲ့အဆိုပြိုင်ပွဲတစ်ယောက်အဖြစ်ပရိသတ်တွေလက်ခံအားပေးခဲ့ကြရတဲ့သူတွေထဲမှာ ပြိုင်ပွဲဝင်ဇော်ကြီးကလည်းပါဝင်ခဲ့ပါတယ်။ဇော်ကြီးကတော့ပြိုင်ပွဲတစ်လျောက်လုံးပရိသတ်တွေရင်ကိုဖမ်းစားနိုင်ခဲ့တဲ့ပြောင်မြောက်လှတဲ့အဆိုပညာတွေကိုချပြနိုင်ခဲ့သူတစ်ဦးပဲဖြစ်ပါတယ်။သူကတော့ Myanmar Idol Season 3 ပြိုင်ပွဲကြီးမှာ Top 3အထိ တန်းဝင်ခဲ့တဲ့ အဆိုတော်တစ်ဦးလည်းဖြစ်ပါတယ်။

သို့ပေမယ့်လည်း ဇော်ကြီးကတော့ August 3ရက်နေ့ညက ယှဉ်ပြိုင်တဲ့Result Show မှာပရိသတ်တွေအားလုံးနဲ့ Myanmar Idol Season 3 ပြိုင်ပွဲကြီးကိုစိတ်မကောင်းစွာနဲ့လက်ပြနှုတ်ဆက်ခဲ့ရ တာပဲဖြစ်ပါတယ်။ပြိုင်ပွဲကအရှုံးနဲ့နှုတ်ဆက်ခဲ့ရပေမယ့် ဇော်ကြီးရဲ့ အဆိုပညာပိုင်းမှာ ထူးချွန်တဲ့အရေးအချင်းတွေကြောင်းပရိသတ်တွေပေးတဲ့ Winner ဆုကြီးကိုရရှိခဲ့တယ်ဆိုမငြင်းနိုင်ပါဘူးနော်။ဒီနေ့မှာတော့ ဇော်ကြီးတစ်ယောက်ပရိသတ်တွေပေးတဲ့လက်ခုတ်သံ တွေနဲ့မွေးရပ်မြေကိုပြန်လာခဲ့ပြီပဲဖြစ်ပါတယ်။

မအူပင်သားလေးဖြစ်တဲ့ ဇော်ကြီးရဲ့မွေးရပ်ဇာတိမြေကိုပြန်ခဲ့တဲ့ အိမ်အပြန်လမ်းမှာလည်းပရိသတ်တွေရဲ့သောင်းသောင်းပျပျကြိုဆိုဂုဏ်ပြုခြင်းကိုလည်းခံခဲ့ရတာပဲဖြစ်ပါတယ်။Myanmar Idol Season 3 ပြိုင်ပွဲကြီးကပေးတဲ့ Winnerဆုကြီးနဲ့လွဲခဲ့သော်လည်း ပရိသတ်ရဲ့ ရင်ထဲကအချစ်တွေကြောင့် ဇော်ကြီးတစ်ယောက်အရှုံးနဲ့အိမ်ပြန်ခဲ့ရတဲ့လမ်းမှာအပြုံးပန်းတွေဝေဆာနိုင်ခဲ့တာပဲဖြစ်ပါတယ်။တကယ့်ကို အားတက်စရာကောင်းတဲ့ မအူပင်မြို့ကပရိသတ်တွေရဲ့ ကြိုဆိုမှုပုံရိပ်လေးတွေကိုလည်းပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ပါတယ်နော်။

သတင်းအရင်းအမြစ် - ဇော်ကြီး

Photo - Credit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။