ပရိသတ်ကြီးရေ မင်းသမီးချော အိန္ဒြာကျော်ဇင်ကတော့ အနုပညာလောကရဲ့ ပရိသတ်အားပေးမှု အများဆုံးနဲ့ အောင်မြင်မှုအများဆုံး ရရှိပိုင်ဆိုင်ထားတဲ့ မင်းသမီးတစ်ဦး ဖြစ်ပါတယ်။ အချိန်အတော်ကြာ အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေတဲ့ မင်းသမီးတစ်ဦး ဆိုလည်း မမှားပါဘူး။ သရုပ်ဆောင်ရာမှာလည်း အားလုံးကအံ့သြမိစေလောက်အောင် ထူးချွန်တဲ့အပြင် နုပျိုမှုကို ထိန်းထားနိုင်တဲ့သူလည်း ဖြစ်ပါတယ်။

ကလေး၂ယောက်မိခင်ဖြစ်တဲ့ အူဝဲက တစ်သားမွေးတစ်သားလှဆိုသလို အလှတွေက မပျက်သွားပဲ ပိုတိုးလို့လှလာတာကို ပရိသတ်တွေမြင်တွေ့ရမှာ ဖြစ်ပါတယ်။ သူမက ခန္ဓာကိုယ်အလှကိုလည်း ထိန်းသိမ်းထားနိုင်သလို နုပျိုလန်းဆန်းမှုကလည်း ဆယ်ကျော်သက်အပျိုပေါက်မလေးတစ်ယောက်လို တစ်နေ့တစ်ခြား အလှတွေတိုးလာတာ တွေ့ရပါတယ်။ လတ်တလောမှာ သူမက "ဟစ်တိုင်"ရုပ်ရှင်ကားကြီးမှာ ပါဝင်ရိုက်ကူးနေပြီး အခုလည်း "ရွှေနန်းတော်" ရွှေဆိုင်ကြော်ငြာရိုက်ကွင်းက ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ဝေမျှထားပါတယ်။

အူဝဲက "မနေ့က "ရွှေနန်းတော်" ကြော်ငြာ ရိုက်ပါတယ်.. snap လေးတွေရိုက်ပေးပြီး ပုံလေးတွေချောပေးတဲ့ AMAZING GRACE ကိုကျေးဇူးတင်ပါတယ်..ဟီး..ကိုယ့်ဘာကိုယ်ရိုက်ပြီးတင်တဲ့ ပုံတွေနဲ့တစ်ခြားစီနော်...(ဖီလင်-ကျေနပ်)" ဆိုတဲ့စာငါးလေးနဲ့အတူ တော်ဝင်ရွှေမင်းသမီးလေးလို အလှပိုနေတဲ့ သူမရဲ့ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်ကြီးလည်း မင်းသမီးချော အိန္ဒြာကျော်ဇင်ရဲ့ တော်ဝင်ဆန်တဲ့အလှတရားတွေကို ရှုစားဖို့ သူမရဲ့အလှပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Eain Dra Kyaw Zin;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။