ယနေ့ည၆နာရီမှာကစားတဲ့ မြန်မာအသင်းနဲ့ ထိုင်းအသင်းတို့ပွဲမှာတော့ မြန်မာအသင်းက 2-1နဲ့အနိုင်ရရှိခဲ့ပြီး မန်းမြေကပရိသတ်တွေနဲ့အတူ အောင်ပွဲခံခဲ့ကြပါတယ်။မြန်မာအသင်းကတော့ ထိုင်းအသင်းနဲ့တွေ့တိုင်းရှုံးနိမ့်ခဲ့ရတဲ့ အတိတ်ဆိုးကိုချေဖျက်ပြီး ရာဇငဝင်ကြွေးကို ပြန်ဆပ်နိုင်ခဲ့ပါတယ်။ယနေ့ညထိုင်းအသင်းကို အနိုင်ရရှိခဲ့တဲ့ ညလေးကို မြန်မာပရိသတ်တွေအတွက် မမေ့နိုင်စရာ ပျော်ရွှင်ခဲ့ရတဲ့ညလေးတစ်ညဖြစ်ပါတယ်။

မန်းမြေကမန္တလာ သီရီအားကစားကွင်းထဲမှာ ပရိသတ်တွေကတော့ ဝမ်းသာအာရနဲ့ ကွင်းလုံးပြည့် အောင်ပွဲခံခဲ့ကြပါတယ်။ယနေ့ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကိုတော့အောင်သူကရရှှိခဲ့ပါတယ်။ ပရိသတ်တွေကတော့ ထိုင်းကိုအနိုင်ရရှိတယ်ဆိုတဲ့ ခံစားချက်နဲ့ပင် ပျော်ရွှင်နေရပြီဖြစ်ပါတယ်။ယနေ့ပွဲမှာမြန်မာ ကစားသမားတွေအနိုင်ရလိုစိတ်ထက်သန်စွာနဲ့ အကောင်းဆုံးယှဉ်ပြိုင်ပြီး ပရိသတ်တွေလိုချင်နေတဲ့ အနိုင်ရလဒ်ကို ပုံဖော်ပေးနိုင်ခဲ့ပါတယ်။

ယနေ့ပွဲမှာတော့ မြန်မာနည်းပြသစ်ကိုလဲ ချီးကျူးရမှာဖြစိပြီး ကစားသမားတွေကိုအကောင်းဆုံးလမ်းပြနိုင်ခဲ့ပါတယ်။နည်း့ပြသစ်လက်ထပ်မှာ မြန်မာအသင်းအနေနဲ့ရလဒ်ကောင်းတွေပိုင်ဆိုင်နေပြီပဲ ဖြစ်ပါတယ်။မြန်မာဘောလုံးချစ်ပရိသတ်ကြီးလဲ ထိုင်းကိုအနိုင်ရတဲ့ ယနေ့ညလေးကို ပရိသတ်တွေမေ့နိုင်မယ်မထင်ပါဘူး။

source mff

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။