ပျိုပျိုမေတို့ရဲ့ နှင်းဆီခိုင်လေး စိုင်းစိုင်းတစ်ယောက် ငယ်စဉ်ဘဝကတည်းက အိပ်မက်ဖြစ်တဲ့ စင်ကာပူ နိုင်ငံရဲ့ Zouk Bar မှာ ဖျော်ဖြေခွင့်ရခဲ့ပြီပဲဖြစ်ပါတယ်။ အောင်မြင်တဲ့အဆိုတော်တစ် ဦးအဖြစ်နဲ့ ရပ်တည် ခဲ့တာ ဆယ်စုနှစ်တစ်ခုကျော်ခဲ့ပြီပဲဖြစ်ပါတယ်။ အသက်သုံးဆယ်ကျော် အမျိုးသားတစ်ဦး ဖြစ်ပေမယ့် လက်ရှိအချိန်ထိ နုပျိုမှုတွေကို ထိန်းသိမ်းထားနိုင်တုန်းပါပဲ။

သီချင်းခွေတွေလည်း အများအပြားထွက်ရှိခဲ့ပြီး ပရိသတ်တွေရဲ့ အံ့မခန်းအားပေးမှုကို လည်း အပြည့်အဝရရှိထားတာပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ စင်ကာပူနိုင်ငံကိုဖျေျာ်ဖြေ ရေး ခရီးစဉ်အဖြစ်နဲ့ ရောက်ရှိနေပြီး ငယ်စဉ်ကတည်းက အရမ်းကိုဖျော်ဖြေချင်ခဲ့တဲ့ နေရာ တစ်ခုမှာ ဖျော်ဖြေခွင့်ရလိုက်တာ မု့ိ စိုင်းတစ်ယောက် အပျော်ကြီးပျော်နေပါတယ်။

သူရဲ့အပျော်ပုံရိပ်လေးတွေကို " ငယ်ငယ်ကတည်းက အဲ့နေရာမှာဆိုချင်တာ ဟိုး MOS ခေတ် ကတည်းက ဒီနေ့ ဆန္ဒပြည့်ဝ Thanks everyone who’s supporting us today Thanks Fans Thanks Apollo Music for gathering and uniting us Thanks ko E Kyar Thanks Ko Myo kyawt Thanks #Zouk Thank you " ဆိုပြီး မျှဝေထားတာဖြစ်ပါတယ်။ စိုင်းကိုချစ်တဲ့ စင်ကာပူက ပရိသတ်တွေလည်း စိုင်းနဲ့တွေ့ဆုံခွင့်ရလို့ ပျော်နေမှာ အသေ အချာပါပဲ။

Photo - Sai Sai Kham Leng

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။