ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော် ဒါကာပြုလုပ်နေတဲ့ ကျောင်းသားတွေဦးဆောင်တဲ့ ၇ ရက်ကြာ မြင့်လာပြီဖြစ်တဲ့ ဆန္ဒပြပွဲဟာ တိုက်ခိုက်ခံခဲ့ရပြီး အနည်းဆုံးကျောင်းသား ၂၅ ဦးဟာ ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။

ယခုလိုဆန္ဒပြမှုတွေကတော့

ပြီးခဲ့တဲ့ အပတ်အတွင်းက ဘတ်စကားအတိုက်ခံရမှုကြောင့် ကျောင်းသား ၂ ဦး သေဆုံးခဲ့ရပြီးနောက်ပိုင်း ယာဉ်နဲ့ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် ထောင်နဲ့ချီ ကျောင်းသားတွေဟာ လမ်းပေါ်ထွက်လာခဲ့ပြီး တောင်းဆိုဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့တာပဲဖြစ်ပါတယ်။

ကျောင်းသားတွေကို အခုလို တိုက်ခိုက်ခံရမှုဟာ ဘယ်သူတွေက လုပ်ဆောင်တယ်ဆိုတာ ရှင်းရှင်းလင်းမသိရဘဲ ဒေသတွင်းမီဒီယာတွေကတော့ အာဏာရအစိုးရနဲ့ ဆက်နွှယ်မှုရှိတဲ့ ကျောင်းသားအုပ်စု တစ်စုကို ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အပြစ်တင် ပြောဆိုနေကြပါတာတွေ့ရပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရဟာဆိုရင်လည်း ကျောင်းသားဆန္ဒပြပွဲကို တုံ့ပြန်နိုင်ဖို့အတွက် အင်တာနက်လိုင်းတွေကို ဖြတ်တောက်ပိတ်ဆို့မှုတွေ လုပ်ခဲ့ပါတယ်လို့သိရပါတယ်။

သတင်းတွေအရတော့ ရဲတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ စနေနေ့က ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံး ၊ ရာဘာကျည်တို့နဲ့ ဖြိုခွင်းခဲ့တယ်လို့ ဆိုပေမယ့် ရဲတပ်ဖွဲ့ကတော့ အဲဒီကိစ္စတွေအပေါ် ငြင်းဆန်ထားတယ်လို့သိရပါတယ်။

သို့ပေမယ့်အဆိုပါတိုက်ခိုက်မှုကြောင့်ဒဏ်ရာရသူအနည်းဆုံး ၁၀ဝ ကျော် ရှိတယ်လို့ မျက်မြင်သက်သေတဦးဖြစ်တဲ့ ဆရာဝန်တဦးကပြောကြားထားတယ်လို့လည်းသိရပါတယ်။

Source: BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။