နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော်တစ်ဦးဖြစ်နေတဲ့ မင်းသားအလင်းရောင်တစ်ယောက် လက်ရှိ ရုံတင်ပြသနေတဲ့ Co2 ဇာတ်ကားထဲက ပရိသတ်တွေအသည်းခိုက်အောင် ကြောက် နေကြတဲ့ ကိုယ်ဝန်ဆောင်သရဲမ ကားနောက်ကလိုက်လာတဲ့အခန်းက ပုံရိပ်တစ်ခုကို တင်လိုက်တာပဲ ဖြစ်ပါတယ်။ တကယ်ကိုကျောချမ်းဖို့ကောင်းတဲ့ ပုံရိပ်တစ်ခုဖြစ်ပြီး အားလုံးက လည်း ကြောက်စရာကောင်းတယ်ဆိုတဲ့ မှတ်ချက်တွေ အများအပြားဝင်ရောက်ပေးထားကြ ပါတယ်။

ဇာတ်ဝင်ခန်းထဲမှာလည်း ကားနာက်ကလိုက်လာတဲ့အခန်းက တစ်ခန်းထဲပါပေမယ့် တကယ်ကို ကျောချမ်းစရာ ကြောက်စရာကောင်းလွန်းတာကြောင့် တစ်ရုံလုံး လန့်ပြီးအော်ကြ တဲ့ အခန်းလည်း ဖြစ်ပါတယ်။ ဒီပုံရိပ်မှာ ကားနောက်ခန်းက သရဲမက ဓာတ်ပုံရိုက်တဲ့သူကို စိုက်ကြည့်နေပြီး အလင်းရောင်က ကားရှေ့ခန်းမှာ ခေါင်းငုံ့နေတဲ့ပုံပဲ ဖြစ်ပါတယ်။ တကယ် ကိုအသက်ဝင်ပြီး ကြောက်ဖို့ကောင်းလွန်းပါတယ် ပရိသတ်ကြီးရေ။

ဒီဇာတ်ကားထဲမှာ အလင်းရောင်က နောင်နောင်အဖြစ်နဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ရုပ်နဲ့ အံ့ဝင်ဂွင်ကျဖြစ်အောင် သရုပ်ဆောင်နိုင်တာမို့ ပရိသတ်တွေကလည်း သဘော ကျနေကြပါတယ်။ ဒီလိုကြောက်မက်ဖွယ်ပုံရိပ်တွေကို " Good Night ပါ ကားမောင်းနေရင် သတိထား အဲ့လိုပါလာတတ်တယ် " ဆိုပြီး သူ့ရဲ့ပရိသတ်တွေကို စနောက်ပြီး တင်ထားတာ ဖြစ်ပါတယ်။ တကယ်ကိုနောက်တဲ့ မင်းသားပါပဲ ပရိသတ်ကြီးရေ။

Photo - AlinnyaungLight

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။