မြန်မာနိုင်ငံရဲ့နာမည်ကြီးအလှမယ်တစ်ဦးဖြစ်တဲ့ ရွှေအိမ်စည်ကတော့ အမြဲစမတ်ကျလှပနေတဲ့သူလေးတစ်ဦးပဲဖြစ်ပါတယ်။သူမကတော့ Miss Grand Myanmar 2017 ရဲ့သရဖူပိုင်ရှင်လေးဖြစ်သလို Miss ပွဲတော်တော်များများမှာရဲ့လျောက်လှမ်းများအထက်မှာကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့် ဆွဲဆောင်မှုအပြည့်နဲ့ ပရိသတ်တွေအမြဲမြင်တွေ့ခဲ့ရတာပဲဖြစ်ပါတယ်။နိုင်ငံခြားမှာနှစ်အတော်ကြာနေခဲ့တဲ့သူမကတော့ အမြဲတမ်း ပွင့်ပွင့်လင်းလင်းနဲ့ Freestyleနေတက်တာ ကြောင့်ပရိသတ်တွေသဘောကျနှစ်သက်နေရတာပဲဖြစ်ပါတယ်။

ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှတွေနဲ့ ညို့အားပြင်းတဲ့မော်ဒယ် အလှမယ်ရွှေအိမ်စည် ကတော့ အနုပညာလောက မှာ တစ်စထက်တစ်စ နာမည်ကြီး ရေပန်းစားနေတာပဲဖြစ်ပါတယ်။ခေတ်ရေစီးကြောင်းနဲ့အညီဖက်ရှင်ပိုင်းမှာလည်းစမတ်ကျတဲ့မိန်းမလှလေးတစ်ယောက်အဖြစ် မိန်းကလေးပရိသတ်တွေအမြဲစံထားနေရသလိုသူမရဲ့LifeStyleကိုလည်းတကယ့်ကိုရိုးရိုးရှင်းရှင်းနဲ့လွတ်လပ်ပေါ့ပါးစွာဖြတ်သန်းရတဲ့ Typeမျိုးကိုသဘောကျနှစ်ခြိုက်သူလေးပဲဖြစ်ပါတယ်။

ဒီနေ့မှာလည်းသူမရဲ့ညို့အားပြင်းဓာတ်ပုံတစ်ချို့နဲ့အတူ စိတ်ဓာတ်ခွန်းအားဖြစ်စေမယ့် စာလေးတစ်ချို့လူမှုကွန်ယက်မှာရေးသားမျှဝေခဲ့ပြန်ပါတယ်။ "မနေ့ကအကြောင်းကို ထပ်ခါတစ်လဲလဲ မတွေးသလို မနက်ဖြန်ဘာဖြစ်မလဲဆိုတာလဲ တွေးပူမနေတာကောင်းတယ်ပျော်ပျော်နေတယ်။ကိုယ်ဖြစ်ချင်တာတွေကိုရအောင်လုပ်မယ် ဘယ်လောက်ပဲ ခက်ခဲနေပါစေ။နောက်ပြန်လှည့်ကြည့်ဖို့ အစီစဉ်မရှိဘူး ရှေ့ဆက်တိုးဖို့ပဲရှိတယ်"ဆိုတဲ့စကားလေးကိုပရိသတ်တွေစီဖောက်သည်ချခဲ့တာပဲဖြစ်ပါတယ်။တကယ့်ကိုစိတ်ဓာတ်ကြံ့ခိုင်ပြီး ထက်မြတ်တဲ့အမျိုးသမီးတစ်ယောက်အဖြစ်နဲ့ပရိသတ်တွေသဘောကျရတဲ့ရွှေအိမ်စည်ရဲ့ပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက် ပါတယ်နော်။ 

သတင်းအရင်းအမြစ် - ရွှေအိမ်စည်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။