ပရိသတ်ကြီးရေ ဇာတ်လမ်းတွဲလေးတွေက တစ်ဆင့် လူသိများအောင်မြင်လာခဲ့တဲ့ မင်းသမီးလေး မေမြင့်မိုရ်ကတော့ မြန်မာဝတ်စုံလေးနဲ့ အရမ်းကို လိုက်ဖက်လှပတဲ့ မင်းသမီးတစ်ဦးဖြစ်ပါတယ်။ သူမကလည်း မြန်မာဝတ်စုံလေးတွေကို အမြတ်တနိုးနဲ့ အမြဲဝတ်ဆင်လေ့ရှိပါတယ်။ ပုဂံမြို့သူလေးအဖြစ် "ဆုံစည်းခြင်းမိုးတိမ်များ"ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ခဲ့တဲ့သူမက ရှေးဟောင်းအမွေအနှစ်တွေကို ချစ်ခင်တန်ဖိုးထားတတ်သူလည်း ဖြစ်ပါတယ်။

အခုလည်း မေက ရှေးဟောင်းအမွေအနှစ်တွေ ထွန်းကားရာ မြန်မာတို့ရဲ့ ရှေးဟောင်းမြို့တော်ကြီးဖြစ်တဲ့ ပျူမြို့ဟောင်းကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ ကမ္ဘာ့အမွေအနှစ် နေရာတစ်ခုအဖြစ် သတ်မှတ်ခြင်းခံထားရပြီး ပန်ထွာဘုရင်မအုပ်စိုးခဲ့တဲ့ ဗိဿနိုးမြို့ဟောင်းကို ခေတ်သစ်မြန်မာမလေးတစ်ဦးအဖြစ် သွားရောက်ခဲ့တာပဲ ဖြစ်ပါတယ်။ အံ့ဖွယ်အနုပညာလက်ရာတို့ တည်ရှိရာ ပျူမြို့ဟောင်းမှာ မေက အလှဆုံးပုံရိပ်လေးတွေကို ရိုက်ကူးခဲ့ပြီး ပရိသတ်တွေကိုလည်း ဝေမျှခဲ့တာ တွေ့ရပါတယ်။

မေက "ပန်ထွာဘုရင်မရဲ့နန်းတော်ရာဗိဿနိုးမြို့ဟောင်း"ဆိုတဲ့ စာသားလေးနဲ့အတူ မြန်မာဆန်တဲ့ သူမရဲ့အလှပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ ရှေးဟောင်းမြို့တော်ကြီးကို ခေတ်သစ်မြန်မာမလေးအဖြစ် သွားရောက်ပြီး အမှတ်တရတွေ ဖန်တီးခဲ့တဲ့ သူမရဲ့ပုံရိပ်တွေကို ပရိသတ်တွေ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်ကြီးလည်း ငေးမောဖွယ် သဘာဝယဉ်ကျေးမှုတွေနဲ့ ပြည့့်ဝနေတဲ့ ဗိဿနိုးမြို့တော်ဟောင်းကြီးမှာ တွေ့ရတဲ့ မေမြင့်မိုရ်ရဲ့ အလှပုံလေးတွေကို ရှုစားဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: May myint Mo;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။