ဒါဒါလို့ပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့ စိုးမြတ်နန္ဒာကတော့ လက်ရှိမှာမွေးရပ်မြေနဲ့မိုင်ပေါင်းထောင်ချီတဲ့ နိုင်ငံရပ်ခြားကိုရောက်ရှိနေပါတယ်။သူမကတော့သြစတေးလျနိုင်ငံကိုသွားရောက်လည်ပတ်နေ တာဖြစ်ပြီး သြစတြေးလျမှာ မရနိုင်တဲ့ မွေးရပ်မြေကလွမ်းမောစရာ လေးတစ်ခုကိုပွင့်ပွင့်လင်းလင်းပဲဖွင့်ဟလိုက်ပါတယ်။နိုင်ငံခြားရောက်နေတဲ့လူတစ်ယောက်အတွက် မွေးရပ်မြေက လွမ်းမောစရာ အရာလေးကဘာဖြစ်မလဲဆိုတာ ပရိသတ်ကြီးခန့်မှန်းကြည့်ပါအုန်း?။

သူမကတော့ မြန်မာနိုင်ငံမှာထွေထွေထူးထူးမဟုတ်ပေမယ့် နိုင်ငံခြားရောက်နေသူတွေအတွက် တကယ့်ကို လွမ်းဆွတ်ရတဲ့ရိုးရာအစား မြန်မာမုန့်ဟင်းခါးကိုလွမ်းနေတာပါတဲ့နော်။မြန်မာလူမျုးိတွေနဲ့ သိပ်မရင်းနှီးတဲ့ အနောက်တိုင်းအစားစားအထူးအဆန်းတွေစား နေရပေမယ့် အချိန်တိုင်းရင်တော့ ကိုယ့်နိုင်ငံရဲ့အစားစားကိုလွမ်း လာတက်ကြတာ နိုင်ငံခြားမှာနေတဲ့သူတွေအသိဆုံးဖြစ်မှာပါ။ဒါဒါကတော့ သွားလည်နေတုန်းလေးခဏမှာတောင် မြန်မာရိုးရာအစား စာတွေကို လွမ်းဆွတ်တမ်းတနေတာကြောင့် လူမှုကွန်ယက်ကနေ ဖွင့်ဟချပြလိုက်တာပဲဖြစ်ပါတယ်။

သူမရဲ့ လူမှုကွန်ယက်မှာတော့ " မျက်စိမှိတ်ထားလဲ လွမ်းတယ် မျက်စိဖွင့်လိုက်လဲ လွမ်းတယ် ရန်ကုန်က မုန့်ဟင်းခါး ကို ပြောပါတယ်"ဆိုတဲ့စာလေးရေးသားခဲ့တာပဲဖြစ်ပါတယ်။ဒါဒါတစ်ယောက် ရန်ကုန်ပြန်ရောက်တာနဲ့အရင်ဆုံးစားမယ့်အစားစားလေးကတော့ မုန့်ဟင်းခါးဖြစ်ပုံရပါတယ်နော်။သြစတြေးလျရောက်နေတဲ့ ပရိသတ်အချစ်တော် စိုးမြတ်နန္ဒာ ရဲ့ပုံလေးတွေကိုလည်း ပရိသတ်တွေအတွက်အလွမ်းပြေတင်ဆက်ပေးလိုက်ပါတယ်နော်။ 

သတင်းအရင်းအမြစ် - စိုးမြတ်နန္ဒာ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။