သရုပ်ဆောင်သင်ဇာဝင့်ကျော်ကိုတော့ ချစ်ပရိသတိကြီး ချစ်မှာပါ။သူမကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းသရုပ်ဆောင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး ဇာတ်ရုပ်အမျိုးမျိုး သရုပ်ဆောင်ချက် အမျိုးမျိုးကို ကျွမ်းကျင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့ပရိတ်အချစ်တော်တစ်ယောက်ပဲ ဖြစ်ပါတယ်။သူမကတော့ ယခုမှာ အလှူအတန်းတွေပြုလုပ်နေပြီး ပီတီအပြုံးပန်းတွေဝေနေပါတယ်။ 

သူမကတော့ " ယနေ့လုပ်အားဒါန သာဓုခေါ်နိုင်ကြပါစေ " ဆိုပြီး အောင်ဇမ္ဗူတောရ ဓမ္မရိပ်သာမှာ အလှူအတန်းပြုနေတဲ့ ပုံလေးတွေနဲ့အတူ ပြောထားပါတယ်။ ချစ်ပရိတ်တွေကလဲ မွန်မြတ်တဲ့ ဒါနလေးပါ ချစ်သောသင်ဇာ သာဓု သာဓု သာဓု ပါ ချစ်မ ရေ ဆိုပြီး သာဓုခေါ်နေကြပါတယ်။သူမကတော့ အခုလို အလှူအတန်းတွေပြုလုပ်နေရလို့ ပြုံးပျော်ပြီး ဝမ်းသာ ပီတီဖြာနေပါတယ်။

သူမကတော့ သြဂုတ်လ(၃)ရက်နေ့မှာပဲ Kande Holding ကုမ္ပဏီနဲ့အတူ ကျိုက်ဝိုင်းမသန်စွမ်းကလေးများ ပြုစုစောင့်ရှောက်ရေး ဂေဟာမှာKande ရေသန့်ဗူး (၂၀၀၀)၊ Lotte ကြက်ကြော်နဲ့ အခြားလိုအပ်တာတွေကို လှူဒါန်းခဲ့ကြတယ်။ချစ်ပရိသတ်ကြီးအတွက် သရုပ်ဆောင်သင်ဇာဝင့်ကျော်ရဲ့ လုပ်အားဒါန ပြုလုပ်နေတဲ့ သာဓုခေါ်စရာ ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ် 

source: thin zar wint kyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။