မနေ့ညကတော့ ထိုင်းအသင်းနဲ့ မြန်မာအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ပြီး မြန်မာအသင်းက 2-1နဲ့ အနိုင်ရရရှိခဲ့ပါတယ်။ ALPINE CUP 2018 လေးနိုင်ငံဖိတ်ခေါ် ဘောလုံးပြိုင်ပွဲရဲ့ ချန်ပီယံဆုကို တောင်ကိုရီးယား ယူ-၁၉ အသင်းက ရရှိသွားပြီး ဒုတိယဆုကို အိမ်ရှင် မြန်မာ ယူ-၂၃ အသင်းရရှိခဲ့ပါတယ်။ မှော်ဝင်ဂိုးတွေနဲ့ အနိုင်ရရှိခဲ့တဲ့ မြန်မာအသင်းနဲ့ ထိုင်းအသင်းရဲ့ Highlights ဗီဒီယိုလေးကို အောက်မှာကြည့်နိုင်ပါတယ်ခင်ဗျာ။ 

မြန်မာအသင်းအတွက် ဂိုးတွေကိုတော့ ပွဲစစချင်း ပွဲချိန် ၁ မိနစ် မပြည့်ခင်မှာပဲ တိုက်စစ်မှူး အောင်သူက သွင်းယူပေးခဲ့ပြီး ဒုတိယဂိုးကိုတော့ ပွဲချိန် ၆ မိနစ်မှာ ထောင့်ကန်ဘောကတဆင့် အသင်းခေါင်းဆောင် ဇော်မင်းထွန်းက ခေါင်းတိုက်သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။မြန်မာအသင်းအနေနဲ့ အာရှအင်အားကြီး အသင်းတွေနဲ့ ဖိတ်ခေါ်ခြေစမ်းခဲ့တာဖြစ်ပြီး အခုလို ဒုတိယဆုရတာက မြန်မာအသင်းအတွက် အောင်မြင်မှုလမ်းစပဲ ဖြစ်ပါတယ်၊  

ပရိသတ်တွေကလဲ ထိုင်းအသင်းနဲ့ပွဲကို ကွင်းလုံးပြည့်လာအားပေးခဲ့ပြီး ထိုင်းကို နိုင်ခဲ့တာကြောင့် အားပေးရကျိုးနပ်ခဲ့ပါတယ်။ ဆုကြေးငွေအဖြစ်တော့ ဒုတိယ ရတဲ့မြန်မာအသင်းကတော့ အမေရိကန်ဒေါ်လာ ၅၀၀၀ရရှိခဲ့ပါတယ်။ မြန်မာအသင်းအနေနဲ့ ALPINE CUP မှာ ခြေစွမ်းတွေကောင်းမွန်နေတာကြောင့် အာရှအားကစားပွဲတော်မှာ အောင်မြင်မှုတွေရရှိနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။

SOURCE: MFF  လင်း ယူနိုက် တတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။