မကြာသေးခင် ကမှ ကွဲအက်ခဲ့တဲ့ အိမ်ထောင်ရေး အကြောင်း ကို ရင်ဖွင့်လာခဲ့အတွက် ရင်ဖွင့်လာခဲ့တဲ့အတွက် ပရိသတ်တွေ ဂရုဏာသက်ခဲ့ကြတာ ကတော့ နိုင်ငံကျော် ရုပ်ရှင်ဗီဒီယို သရုပ်ဆောင် မျိုးစန္ဒီကျော်ဘဲဖြစ်ပါတယ်။ မျိုးစန္ဒီကျော်တစ်ယောက် ကိုယ့်ကိစ္စတွေ သမီးကိစ္စတွေ သွားရလာရတဲ့ ခရီးကိစ္စတွေနဲ့မို့ ပြင်ပမှာ အာရုံမရှိတတ်ခဲ့တာလည်း ကြာပါပြီ အင်တာဗျူး တော်တော်များများကိုလည်း ကိုယ့်စိတ်ရော အများသူတပါးစိတ်တွေကိုပါ မညစ်မနွမ်းစေချင် ရှက်ဖို့ဝမ်းနည်းဖို့ကောင်းတဲ့ ကိုယ့်အကြောင်းတွေမှာ သောကဝန်ပို အဖြစ်မခံစေချင်တာကြောင့်လည်း မျက်နှာပြောင်တိုက်ပြီး ဖြေဆိုဖို့ ရှောင်ရှားခဲ့တယ်လို့ဆိုပါတယ် ။ မကြာသေးခင်က အွန်လိုင်းလူမှုကွန်ယက်စာမျက်နှာပေါ်ကနေ ခင်ပွန်းြ့ဖစ်သူ ဖြိုးကျော်ကျော်မြတ် ရဲ့ ဖြေရှင်းထားချက်နဲ့ ပတ်သက်ပြီး မနေ့က တုန့်ပြန်ပြောဆိုလိုက်ပါတယ်။

မျိုးစန္ဒီကျော်က "ပထမအကြိမ်တွေ ဒုတိယအကြိမ်တွေဆိုပြီး အတိုးမှတ် မှတ်ထားပြီး စာရင်းနဲ့ အင်းနဲ့ မေတ္တာဖိုး ကရုဏာဖိုး သိက္ခာဖိုးတွေကို လက်ချိုးတွက်ပြပြီး သူ့မိသားစုအတွက် ဖြေရှင်းရတော့မှာလားလို့ တရွယ်ရွယ် တကဲကဲ လုပ်ပြနေတာကိုက မသူတော်တွေမို့ ကိုယ့်အမည် ကိုယ်ဖော်ပြီး လူသိအောင် အော်နေသေးတယ်လို့ ရှက်မိပါတယ်ကိုယ့်အနေနဲ့ အိမ်ထောင်ကွဲပြီးတခုလပ်ဘဝ ရောက်သွားရတာကပဲ အမြတ်အစွန်းထွက်မှာမို့ လုပ်ခဲ့သလိုလိုပါပဲလုံခြုံပြီးအေးမြရိုးမှန်ရင် ဘယ်သူမှ အရိပ်ကိုပစ်ပြီး အပူထဲ ထွက်ရပ်မနေပါဘူး။အိမ်ထောင်ရေးတိုင်းဟာ မပြည့်စုံရုံ သက်သက်လည်း မပြိုကွဲပါဘူး၊ပြိုကွဲရင်လည်း အရမ်းကိုသေချာခိုင်လုံတဲ့အကြောင်းတရားတွေကြောင့်သာ ပြိုရပျက်ရတာ သေချာပါတယ်" လို့ ဆိုထားပါတယ်။

ဆက်လက်ပြီး "သမီးအပေါ် တကယ်ချစ်တဲ့ ဖခင်သာ ဖြစ်ခဲ့ရိုးမှန်ရင် သမီးနဲ့ပက်သက်တဲ့ အနာဂတ်ရည်မှန်းချက်တွေ စီမံကိန်းတွေနဲ့ ဖခင်အဖြစ်မြင်ရမှာပဲပေါ့၊အခုတော့ လူမမယ်ကလေးလေးကြီးလာလို့ အရွယ်ရောက်ခဲ့ရင်သာ သူဟာ ဘယ်လို ခံစားရပါတယ် ဘယ်လို နာကျဉ်ရပါတယ် ဘယ်လို မှန်ကန်ပါတယ် ဆိုတာကို သက်သေပြနိုင်ဖို့ သေချာတဲ့ သက်သေတွေကို စုဆောင်းနေပါတယ်တဲ့ ... ဖြစ်ရတယ်။သမီးကို ပြဖို့တောင် သူ့ကိုယ်သူ လုံခြုံအောင် ကြိုးစားနေရှာတဲ့ အဖေကို သမီးလေး မဝေဖန်မိ အထင်မသေးမိ မပြစ်မှားမိအာင်သာ သွန်သင်ဆုံးမပေးဖို့ ကျွန်မမှာ တာဝန်ပိုသွားရတာပေါ့လေ" ဆိုပြီးအဆုံးသတ်ထားတာကို တွေ့ရပါတယ်။ ကွဲအက်ခဲ့တဲ့ အိမ်ထောင်တစ်ခုဟာ နှစ်ဖက်သောသူတို့ရဲ့ အနေအထားတွေ ၊ အခြေအနေတွေ အကြောင်းတရားတွေကြောင့် ဝမ်းနည်းစရာတွေနဲ့ပဲ အဆုံးသတ်တဲ့အပေါ် ပရိသတ်တွေရဲ့ အမြင်ကို မှတ်ချက်မှာပြောပြပေးခဲ့ကြပါနော်။

Source - Myo Sandy Kyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။