နာမည်ကြီး ကုမ္ပဏီတစ်ခု ဖြစ်တဲ့ LG ကတော့ အသစ်ထွက်၇ှိလာမယ့် LG Q9မှာ သံမဏိကိုယ်ထည်အပြားနဲ့ တည်ဆောက်လာနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာလည်း ဖြစ်ပါတယ်။ Midrange စမတ်ဖုန်းတစ်လုံး ဖြစ်လာနိုင်ဖွယ်ရှိတဲ့ LG Q9မှာ CPU ပိုင်းကိုတော့ Snapdragon 710 နဲ့ ပွဲထွက်လာနိုင်ပါတယ်။ ဒါ့ကြောင့် LG Q9 ထဲမှာ ပါဝင်လာနိုင်တဲ့ စွမ်းဆောင်ရည်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။ 

LG Q9မှာ မျက်နှာ်ပြင်ပိုင်းကို iode screen ကိုသုံးလာမှာဖြစ်ပြီး screen size ကတော့ 5.8-inch FHD+ ပါဝင်လာမှာပါ။ ကင်မရာပိုင်းမှာတော့ အရှေ့ဘက်မှာ 16MP နဲ့ဖြစ်ပြီး နောက်ကျောဘက်မှာတော့ 18MP + 16MP Dual တပ်ဆင်လာနိုင်ပါတယ်။CPU ပိုင်းမှာတော့ Snapdragon 710 ပါဝင်လာနိုင်ပြီး RAM အနေနဲ့ကတော့ 4GB နဲ့ 6GB RAM ဆိုပြီး နှစ်မျိုး ထုတ်လုပ်လာမှာ ဖြစ်ပါတယ်။ 

Rom အနေနဲ့ကတော့ 128GB/256GB/512GB ဆိုပြီး အမျိုးအစား ၃မျိုးကို ရွေးချယ်ဝယ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။ ဘက်ထရီပိုင်းမှာတော့ 3800 mAh စွမ်းအားနဲ့အတူ အားသွင်းမြန်ဆန်တဲ့ စနစ်ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် လည်း ဈေးကွက်ထဲမိတ်ဆက်မယ့် ရက်ကိုတော့ ယခုအချိန်အထိ မကြေဲငာသေးပါဘူး ပရိသတ်ကြီးရေ… 

Source : Mobile Guide Journal 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။