အင်ဒိုနီးရှားနိုင်ငံ Lombok ကျွန်းမှာ အင်အားပြင်း ငလျင် လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၈၂ယောက် ရှိသွားပြီလို့သိရပါတယ်။

ငလျင်လှုပ်စဉ် အဆောက်အအုံတွေ အကြီးအကျယ် တုန်ခါခဲ့တာကြောင့် လူတွေလည်း အိမ်တွေထဲကနေ ကြောက်လန့်တကြား ထွက်ပြေးလာကြပြီး ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေကို ယာယီကယ်ဆယ်ရေး စခန်းတွေမှာ နေရာချထားကြရသလို ပြင်းအားပမာဏ ခုနစ် ရစ်ချတာစကေး ရှိတဲ့ ငလျင်ဒဏ်ကြောင့် ရာနဲ့ချီတဲ့ လူတွေ ခေါင်းဒဏ်ရာရခဲ့ကြသလို အရိုးကျိုးမှုတွေလည်း ရှိခဲ့တာပဲဖြစ်ပါတယ်။  

အဆောက်အအုံတွေကြားထဲ အသက်မသေဘဲ ပိတ်မိနေသူတွေကို ညလုံးပေါက် ရှာဖွေ ကယ်ဆယ်မှုတွေ လုပ်နေပေမယ့် မီးပျက်နေတာကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေ ထင်သလောက် ခရီးမပေါက် ဖြစ်ခဲ့ရသလို အခုလှုပ်ခတ်ခဲ့တဲ့ငလျင်ဟာ ဒီ သီတင်းပတ်အတွင်း ဒုတိယ အကြိမ် လှုပ်ခတ်ခဲ့တာပဲဖြစ်ပါတယ်။

ငလျင် က အတော်ပြင်းပြင်း နှစ်ကြိမ် တောင်လှုပ်တာ ကြောင့် မိသားစုဝင်တွေဟာ အိမ်ထဲက အမြန်ဆုံး ထွက်ပြေးရပြီး ရပ်ကွက် က လူတွေ အားလုံး အိမ်ထဲက ပြေးထွက်ခဲ့ကြရပါတယ်။  

လောလောဆယ်တော့ လူနာတွေ ကို ကားရပ်တဲ့ နေရာ နဲ့ အားကစားရုံ၊ ဆေးရုံ စြင်္ကန် တွေ မှာ ထားနေရကြောင်း ၊ အရေးပေါ် ရွက်ဖျင်တဲ တွေ လည်း ထိုးထားကြောင်း ၊ ဒါမှပဲ လူနာတွေ ကို တနေရာထဲမှာ အားလုံး ထားပြီး ဆရာဝန်တွေ သူနာပြုတွေ က ကုသ ပြုစု နိုင်ကြမှာ ဖြစ်ကြောင်း ဘာလီကျွန်း ဆန်ဂလာ ဆေးရုံ မှ ဒါရိုက်တာ အီကတွတ် ဆူဒါ တာနော က ပြောကြားထားပါတယ်။

ငလျင်ဒဏ်ကြောင့် မီးပါ ပြတ်သွားလို့ ပျက်စီးသွားတဲ့ အဆောက်အအုံ အပြိုအပျက်တွေကြား ရှာဖွေ ကယ်ဆယ်ရေး အပိုင်းမှာ အခက်အခဲ ရှိနေသလို ရှေ့ဆက် ရှာဖွေရေး လုပ်တဲ့ အချိန်မှာလည်း သေဆုံး ဒဏ်ရာရသူ ဦးရေ ထပ်တိုးလာဖို့ ရှိနေပါတယ်လို့သိရပါတယ်။ 

source - BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။