လုပ်ငန်းအတွေ့အကြုံ မရှိတဲ့အခါ အလုပ် လျှောက်တဲ့အခါ အနည်းနဲ့ အများ အခက်အခဲ ရှိပါတယ်။ ကိုယ်က ကျောင်းပြီးကာစမို့ လုပ်ငန်း အတွေ့အကြုံ မရှိတာလည်း ဖြစ်နိုင်သလို လက်ရှိ ကိုယ့်ရဲ့ လုပ်ငန်းအတွေ့အကြုံနဲ့ အခုလျှောက်မယ့် အလုပ်ရဲ့ အတွေ့အကြုံနဲ့ကလည်း မအပ်စပ်တာလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ဘယ်လို ဖြေရှင်းရမလဲ၊ အလုပ်ဘယ်လိုလျှောက်ရမလဲ ဆိုတဲ့ အရေးကြီးတဲ့ နည်းလမ်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) စစချင်း ရာထူးအကြီး/ ရာထူးအမြင့်ကို မလျှောက်ပါနဲ့

(၂) လုပ်ငန်း အတွေ့အကြုံမရှိကြောင်း ပွင့်လင်းစွာ ဝန်ခံပါ

(၃) ကိုယ့်ရဲ့ ကျွမ်းကျင်မှုများကို ဦးစားပေး (အသားပေး) ပြီး ရေးသားပါ

(၄) လုပ်ငန်း အတွေ့အကြုံ မရှိသော်လည်း မိမိ၏ ကျွမ်းကျင်မှုက လျှောက်ထားသော ရာထူးနှင့် ကိုက်ညီမှု ရှိကြောင်း သိသာအောင် ဖော်ပြပါ။

(၅) စိတ်နေသဘောထား၊ သည်းခံနိုင်မှု၊ တာဝန်ယူမှု စတဲ့ စိတ်ပိုင်းဆိုင်ရာ အနေအထားများကို အကောင်းဆုံး ပြင်ဆင်ပါ။

(၆) ယုံကြည်မှု အပြည့်အ၀ ရှိကြောင်းကို CV မှာ ပေါ်လွင်အောင် ပြင်ဆင်ပါ။

(၇) CV Form ကို အကောင်းဆုံး ရေးသားပါ။

(၈) အလုပ် မရခင် အချိန်မှာ volunteer အနေဖြင့် စတင်ပြီး လုပ်ငန်းအတွေ့အကြုံများကို သင်ယူလေ့လာပါ။

(၉) လေ့လာမှု၊ သင်ယူမှုများကို ဆက်လက်ပြုလုပ်ပါ။ (ရပ်တန့် မနေပါနဲ့)

(၁၀) ရိုးသားစွာ နေထိုင်ပါ။ အမှန်ကို အမှန်အတိုင်း လက်ခံပါ။

ဖော်ပြပါ အချက်အလက်များကို သေသေချာချာ မှတ်သားထားဖို့ အကြံပေးချင်ပါတယ်။ လုပ်ငန်းအတွေ့အကြုံမရှိပေမယ့်လည်း အင်တာဗျူးဖြေဖို့ အရွေးချယ်ခံရတဲ့အခါ ၅၀% နီးပါးက သေချာသလောက် ရှိပြီမို့ ဒီလို အခွင့်အရေးမျိုးကို လုံး၀ လက်လွတ် မခံဖို့ အရေးကြီးပါတယ်။ CV Form တွေ ရွေးချယ်တဲ့ အခါမှာလည်း ကိုယ့်ရဲ့ CV က ရွေးချယ် ခံရဖို့အတွက် သေသေချာချာ ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ လုပ်ငန်းခွင်မှာရော၊ အင်တာဗျူးဖြေတဲ့ အချိန်မှာရော၊ CV ပြင်ဆင်တဲ့ အချိန်မှာပါ ရိုးသား ကြိုးစားစွာနဲ့ အမှန်ကို အမှန်အတိုင်း ပြောဆို ဆက်ဆံဖို့က အရမ်း အရေးကြီးကြောင်း ထပ်မံ အကြံပေးလိုက်ပါတယ်။

အားလုံးပဲ အလုပ်အကိုင်များ ကောင်းကောင်းရပြီး အောင်မြင်တိုးတက် ကြပါစေရှင်။

Tina 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။