နာမည်ကျော်သရုပ်ဆောင် မင်းသမီးချောဆုပန်ထွာရဲ့ ခင်ပွန်းဖြစ်သူ ကိုဥက္ကာကျော်ကတော့ သူ့ရဲ့မွေးနေ့ရက်လေးမှာ လှူဒါန်းကုသိုလ်ယူမှုများနဲ့ ဖြတ်သန်းခဲ့ဲပြီး မွေးနေ့ကုသိုလ်အဖြစ် သာသနာ့ဘောင်ဝင်ရောက်ကာ ရဟန်းခံကုသိုလ်ယူခဲ့ပါတယ်..။

သြဂုတ်လ(၅)ရက်နေ့လေးကတော့ ဆုပန်ထွာရဲ့ ခင်ပွန်းကိုဥက္ကာကျော်ရဲ့ အသက်(၄၅)နှစ်ပြည့် မွေးနေ့ရက်လေးဖြစ်ပြီး မွေးနေ့ မွေးလ တိုက်တာမို့ သစ်တံခါးဆရာတော်ကျောင်းမှာ ရဟန်းခံကုသိုလ်ယူခဲ့တာ ဖြစ်ပါတယ်..။

မွေးနေ့ရက်ဖြစ်တဲ့ သြဂုတ်လ(၅)ရက်နေ့မှာပဲ သစ်တံခါးဆရာတော်ကျောင်းမှာ ရှင်အဂ္ဂနန္ဒ အဖြစ် ဘွဲ့အမည်ခံယူပြီး ကျောင်းရှိသံဃာတော်များကို ဆွမ်းကျွေးအလှူနဲ့ စတုဒီသာအလှူတို့ ပြုလုပ်ရင်း မွေးနေ့ရက်လေးကို မိသားစုနဲ့အတူ ပျော်ရွှင်စွာကုသိုလ်ယူ ဖြတ်သန်းခဲ့တာ တွေ့ရပါတယ်..။

မွေးနေ့အလှူပုံရိပ်လေးတွေကိုလည်း ပန်ပန်က သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ပြန်လည်မျှဝေထားပြီး (၇)ရက်သားသမီးပရိသတ်တွေကိုလည်း ကုသိုလ်အမျှပေးဝေထားပါသေးတယ်..။

ပန်ပန်လို့ ပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချောဆုပန်ထွာကတော့ ချစ်ရတဲ့ခင်ပွန်းသည်နဲ့အတူ သားလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေတာလည်း ဖြစ်ပါတယ်..။

အခုလိုခင်ပွန်းသည် သာသနာ့ဘောင် ဝင်ရောက်ကုသိုလ်ယူချိန်မှာလည်း ဘေးကနေ ပါရမီဖြည့်ဘက်ကောင်းတစ်ယောက်အဖြစ် ပါဝင်ကုသိုလ်ယူနေတာမို့ ပရိသတ်တွေကို အေးချမ်းမှုလေးတွေနဲ့ ပျော်ရွှင်ကြည်နူးစေပါတယ်နော်..။

Photo - ဆုပန်ထွာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။