JBJ Entertainment နဲ့ 0316 Entertainment တို့ပူပေါင်းတင်ဆက်မှု အောက်က Rose Quartz ရဲ့ ပွဲဦးထွက် "Realize " သီချင်းထွက်ပြီး ထိုင်းမှာကော မြန်မာနိုင်ငံမှာ ပါ ပရိသတ်တွေ အခိုင်အမာ ရရှိခဲ့ပါတယ်။ အရမ်းချစ်စရာကောင်းပြီး သွက်လက်ထက်မြက်တဲ့ လူငယ် မိန်းကလေး (၅)ဦးပါဝင် ဖွဲ့စည်းထားခဲ့ပြီး ထူးခြားချက်ကတော့ ကိုရီးယားလူမျိုး၊ မြန်မာလူမျိုး နဲ့ ထိုင်းလူမျိုး စသဖြင့် ချစ်စရာကောင်းတဲ့ မိန်းမလှလေးတွေ ပါဝင်ဖွဲ့စည်းထားတာဖြစ်ပါတယ်။

Nay Chi(Myanmar),Sung Shin (Korea), Earn (Thai)နဲ့ Eing (Thai), Cindy (Myanmar) အချောအလှ အဖွဲ့ဝင်ငါးယောက်ဖွဲ့စည်းထားတဲ့ K-pop Girl group လေး ဟာဆိုရင် လတ်တလော မှာ ယောကျ်ားလေးကော မိန်းကလေးပါ လူစိတ်ဝင်စားမှု ရရှိနေတဲ့ အဖွဲ့လေးဖြစ်ပါတယ်။ သူမတို့အဖွဲ့ဟာ သြဂုတ်လ ၅ရက်နေ့က ဘန်ကောက်မှာ နိုင်ငံကျော် ဟစ်ဟော့အဆိုတော် တစ်ယောက်ဖြစ်တဲ့ Jme နဲ့တွေ့ဆုံခဲ့ကြတဲ့ ပုံရိပ်တွေကို သူမတို့ရဲ့ ပေ့ချ်ကနေ ပရိသတ်တွေကို ပြန်လည်မျှဝေခဲ့ပါတယ် ။

Rose Quartz ရဲ့ နောက်ထပ် ထွက်ရှိမဲ့ သီချင်းနာမည်က "Ra Pa Pam Pam" ဖြစ်ပြီး June 14th ရက်နေ့ ထွက်ရှိမယ် လို့ တရားဝင်ကြေညာထားတာတွေ့ရပါတယ်။ နောက်ထပ် သီချင်းသစ်မှာ ဘယ်လို ဆန်းပြားတဲ့ Performanceတွေနဲ့ တင်ဆက်ဦးမလဲ ဆိုတာ စောင့်ကြည့်ရင်း Rose Quartz အဖွဲ့လေးကိုအားပေးကြပါဦးနော်။

Source : Rose Quartz


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။