Myanmar Idol ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ ချမ်းမြေ့မောင်ချိုတစ်ယောက် မနေ့က 5.8.2018 (တနေင်္ဂနွေ) နေ့မှာ သူမရဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံပွဲပြုလုပ်ခဲ့ပါသေးတယ်။ သူမကို အားပေးချစ်ခင်တဲ့ ပရိသတ်တွေအများအပြားလာရောက်ခဲ့ပြီး သူမကလည်း ပရိသတ်တွေကို သီဆိုဖျော်ဖြေ ခဲ့ပါသေးတယ်။ သူမဟာ သီဆိုမှုအပိုင်းနဲ့ သံစဉ်လေးတွေမှာ ပြောစရာမရှိ အောင်ပြည့်စုံသူဖြစ်ပေမယ့် တစ်ခါတစ်ရံမှာ သီချင်းစာသားတွေ မေ့တတ်တာနဲ့ပက်သက်ပြီး ဝေဖန်ခံနေရသူလည်းဖြစ်ပါတယ်။

သူမရဲ့သီဆိုယှဉ်ပြိုင်မှုဟာ ပွဲစဉ်အစအဆုံးထိ အကောင်းဆုံးကြိုးစားထားတယ်ဆိုတာ သိသာထင်ရှားပါတယ်။ မိခင်ဖြစ်သူဟာလည်း တစ်ခေတ်တစ်ခါက နာမည်ကျော်ခဲ့တဲ့ အဆို တော် အိအိဖြစ်ပြီး သူမကလည်း မိခင်ဖြစ်သူရဲ့ ခြေရာကိုအပြည့်အဝနင်းမယ့် သမီးလိမ္မာလေး တစ်ယောက်လည်းဖြစ်ပါတယ်။ အသက်ဆယ့်ကိုးနှစ်သာရှိသေးပေမယ့် သူမရဲ့သီဆိုမှု ပညာကတော့ တကယ့်ကိုအံ့မခန်းပါပဲ။ ချစ်ခင်အားပေးတဲ့ ပရိသတ်တွေနဲ့တွေ့ဆုံရတဲ့ အခိုက်အတန့်မှာ သူမက မျက်ရည်တောင်ကျခဲ့ပါသေးတယ်။

Fan Meeting မှာ သူမဖျော်ဖြေနေစဉ်မှာ သီချင်းစာသားမေ့ပြီး အနည်းငယ်အမှားအယွင်း ဖြစ်ခဲ့ပါသေးတယ်။ ဒီ Video လေးဟာ ပရိသတ်တွေ ကြားမှာ ပျံ့နှံ့ခဲ့ပြီး ဝေဖန်သူတွေ ကလည်း အများအပြားပါပဲ။ သူမကတော့ အခုလာမယ့် စနေနေ့မှာ ကျင်းပမယ့် Grand Final ပွဲအတွက် အကောင်းဆုံးပြင်ဆင်သွားမယ်ဆိုပြီး ပရိသတ်တွေကို ကတိပေးခဲ့ပါသေး တယ်။ လာမယ့် Final ပွဲဟာ တကယ့်ကိုရင်ခုန်စရာပွဲကြီးဖြစ်ပြီး ဘယ်သူ Winner ဖြစ်မယ် ဆိုတာတော့ တကယ့်ကိုခန့်မှန်းရခက်လွန်းပါတယ် ပရိသတ်ကြီးရေ။

Source - Facebook / Chan Myae Mg Cho

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။