အမေရိကန်ပြည်ထောင်စုရဲ့ (44) ယောက်မြောက် သမ္မတဟောင်းဖြစ်သူ ဘာရက်အိုဘားမား ရဲ့ သမီးကြီး ဖြစ်သူMalia Obamaကတော့ ၁၉၉၈ ခုနှစ်၊ ဇူလှိုင်လ(၄)ရက်နေ့မှာ မွေးဖွားခဲ့ပြီး ယခုဆိုရင်တော့ အသက်(၂၀) နှစ်ရှိပြီ ဖြစ်ပါတယ်။ ဘာရက်အိုဘားမား မိသားစု ဟာလက်ရှိမှာတော့ အမေရိကန်ပြည်ထောင်စု၊ ချီကာဂို မြို့မှာ နေထိုင်ပြီး သမီးအကြီး ဖြစ်သူ မာလီယာအိုဘားမားကတော့ 2017ခုနှစ်ထဲက ဟားဗတ်တက္ကသိုလ် မှာ ပညာသင်ကြားနေတာဖြစ်ပါတယ်။

အရွယ်ရောက်ကာ ချစ်သူထားနေပြီ ဖြစ်တဲ့ မာလီယာဟာ သူမရဲ့လက်ရှိ Boy friend ဖြစ်သူ Rory Farquharson နဲ့ ဟားဗတ်တက္ကသိုလ်ကနေ ပညာသင်ကြားရင်း တွေ့ရှိခဲ့ကြပြီး မာလီယာနဲ့ စတင်ဒိတ်လုပ်စဉ်မှာပဲ ရိုလီဟာ သူ့ရဲ့ social media အကောင့်တွေအားလုံးကို ဖျက်ပစ်ခဲ့ပြီး သူဟာ mediaတွေရဲ့နောက်ယောင်ခ့မှု ကို အတော်လေး စိတ်ပျက်ခဲ့ပုံရပါတယ်။သူတို့ အတွဲလေးရဲ့ ထူးခြားချက်ကတော့ မာလီယာက ခပ်ရိုးရိုးလေးနေထိုင်တတ်တဲ့ လူမဲမလေး ဖြစ်ပြီး ရိုလီကတော့ စတိုင်လ်ကျကျ ဝတ်စားဆင်ယင်တတ်တဲ့ British လူငယ်လေးဖြစ်ပါတယ်။

ဟားဗတ်တက္ကသိုလ် ကျောင်းရဲ့နွေဦးရာသီ ကျောင်းပိတ်ရက်မှာ သူတို့ ချစ်သူနှစ်ဦးဟာ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ကို အလည် ရောက်ရှိနေခဲ့ပြီး သြဂုတ်လ(၃)ရက်နေ့ ညက Hallelujah showပွဲမှာ ပြဇာတ်ရုပ်ရှင်အတူတူကြည်ပြီး ဒိတ်လုပ်ခဲ့တဲ့ ပုံတစ်ချို့ကို မီဒီယာ တစ်ချို့ က အမိအရရိုက်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ showကြည့်ပြီး ပြန်လာတဲ့ သူတို့နှစ်ယောက်ဟာ စကားတွေဖောင်ဖွဲ့ လက်ဆုံကျနေပြီး မာလီယာရဲ့ ပခုံးကို ရိုလီက ဆုပ်ကိုင်ထားပြီး လမ်းလျှောက်လာကြတာဖြစ်ပါတယ်။ သူတိုနှစ်ဦးရဲ့ ကြည်နူးစရာကောင်းတဲ့ ပုံရိပ်လေးတွေဟာ မီဒီယာတွေထက်မှာ ပျံနှံနေပြီး ဒီနှစ်နွေရာသီ ပြီးရင်တော့ ဒုတိယနှစ် ကျောင်းပြန်တက်ဖို့အတွက် ဟားဗာတ်တက္ကသိုလ်ကို ပြန်သွားရမှာဖြစ်ပါတယ်။

source: www.justjared ; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။