မြန်မာအိုင်ဒေါပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ ဟင်္သာတသားလေး ဖြိုးမြတ်အောင်ကတော့ ပရိသတ်တွေကြားအရမ်းကို ရေပန်းစားအားပေးချစ်ခင်ရတဲ့ ပြိုင်ပွဲဝင်တစ်ဦးဖြစ်ပြီး ဟင်္သာတကို ခေတ္တပြန်ချိန်မှာလည်း အံ့သြရလောက်အောင် ပရိသတ်တွေရဲ့ သောင်းသောင်းဖြဖြ အားပေးကြိုဆိုခံခဲ့ရပါတယ်..။

လာမယ့်အပတ် ဖိုင်နယ်ပွဲကြီးမှာ ယှဉ်ပြိုင်ရတော့မယ့် ဖြိုးမြတ်အောင်ကတော့ Winner ဖြစ်ဖို့ ရေပန်းစားနေပြီး ပရိသတ်တွေရင်ထဲကပေးတဲ့ Winner ဆုကိုလည်း ရရှိပိုင်ဆိုင်ထားတဲ့ ပြိုင်ပွဲဝင်တစ်ဦးဆိုလည်း မမှားပါဘူး..။

ကိုယ်ပိုင်အရည်အချင်းတွေကြောင့် ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို အပြည့်အဝအခိုင်အမာရရှိထားတဲ့ ဖြိုးမြတ်အောင်ကို ရွှေဆိုင်ပိုင်ရှင်ဇနီးမောင်နှံတို့ကလည်း ရွှေသားစစ်စစ်နဲ့ ဂုဏ်ပြုလိုက်တာ တွေ့ရပါတယ်..။

မြောက်ဒဂုံ ပင်လုံလမ်းမမှာ ဖွင့်လှစ်ထားတဲ့ ခရမ်းသုံးခွ စိန်ရွှေရတနာဆိုင်ပိုင်ရှင်ဇနီးမောင်နှံတို့က ဖြိုးမြတ်အောင်ရဲ့ ပြိုင်ပွဲဝင်နံပါတ်(7) ကို ရွှေသားစစ်စစ်နဲ့ ပြုလုပ်ပြီး ဂုဏ်ပြုလက်ဆောင်ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်..။

အခုလို ဂုဏ်ပြုခဲ့တဲ့အတွက် ပရိသတ်တွေကလည်းအံ့သြဝမ်းသာနေကြပြီး ဖြိုးမြတ်အောင်ရဲ့ အမာခံပရိသတ်ဖြစ်တဲ့ ရွှေဆိုင်ပိုင်ရှင်ဇနီးမောင်နှံကိုလည်း ဆုတောင်းစကားလေးတွေနဲ့အတူ ပြန်လည်ချီးကျူးဂုဏ်ပြုထားပါသေးတယ်..။

ပြိုင်ပွဲဝင်ဖြိုးမြတ်အောင်ကတော့ ပြိုင်ပွဲစဉ်တစ်လျှောက်လုံးမှာလည်း ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေနဲ့အတူ အစွမ်းကုန်ကြိုးစားခဲ့ပြီး လူကြိုက်အများဆုံး ပြိုင်ပွဲဝင်တစ်ဦးလည်းဖြစ်သလို ဟသာၤတသို့ ပြန်ရောက်စဉ်မှာလည်း ရွှေဂူကြီးကျောင်းတိုက်ဆရာတော်ထံမှာ သင်္ကန်းကပ်လှူခဲ့ပြီး ဆုံးမသြဝါဒခံယူကာ ကုသိုလ်ယူခဲ့တာလည်း တွေ့ရပါတယ်..။

Photo - ဖြိုးမြတ်အောင်၊ ကျော်သူထိုက်၊ မို့မို့ ၊ Photo Credit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။