ပရိသတ်ကြီးရေ မင်းသမီးလေး ပက်ထရစ်ကတော့ ဖက်ရှင်အမိုက်စားတွေနဲ့ ပရိသတ်အမြင်အာရုံကို ဖမ်းစားတတ်တဲ့ Professional Model တစ်ဦး ဖြစ်ပါတယ်။ ဖက်ရှင်ရှိုးပွဲတွေမှာ အမြဲပါဝင်တတ်တဲ့သူဖြစ်သလို သူများတွေနဲ့ မတူတဲ့အလှကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။ သဘာဝအတိုင်း ဖြောင့်စင်းတဲ့ နှာတံနဲ့ ဆွဲဆောင်မှုအပြည့်ရှိတဲ့ နှုတ်ခမ်းလှလှတွေကို ပိုင်ဆိုင်ထားတဲ့ ရှာရှာက နိုင်ငံခြားဆန်တဲ့မျက်နှာမျိုးနဲ့ ထူးခြားစွာလှသူလေး ဖြစ်ပါတယ်။

သူမအနေနဲ့ ကြော်ငြာတွေနဲ့ ဗီဒီယို ဇာတ်ကားတွေများစွာ ရိုက်ကူးနေရပြီး လတ်တလောမှာလည်း မင်းသား မြင့်မြတ်နဲ့အတူ "မျိုးရိုးဇိုး" ရုပ်ရှင်ကားကြီးမှာ ပါဝင်သရုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အခုလည်း ရှာရှာက အလန်းစားဖက်ရှင်နဲ့ ဂေါ်နေတဲ့ သူမရဲ့အလှပုံရိပ်လေးတွေကို Instagram မှာ အသစ်တင်ထားတာ တွေ့ရပါတယ်။ USA အလံပုံစံရှိတဲ့ Crop Top အင်္ကျီအတိုလေးနဲ့ ဂျင်းဘောင်းဘီလေးကို တွဲဖက်ဝတ်ဆင်ထားတဲ့ သူမရဲ့ပုံက ညို့အားပြင်းပြင်းနဲ့ လှနေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ပက်ထရစ်ရှာက " 50% Savage 50% Sweetness '' ဆိုတဲ့ ခေါင်းစဉ်လေးနဲ့အတူ စတိုင်ကျကျ ရိုက်ကူးထားတဲ့ သူမရဲ့ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ ရှာရှာက ပျက်စီးဟောင်းနွမ်းနေတဲ့ နေရာလေးတစ်ခုကို သူမရဲ့အလှတရားတွေနဲ့ လှပအောင် ဖန်တီးလိုက်ပြီး Sexy ဆန်ဆန်ပို့စ်တွေနဲ့ ဆွဲဆောင်မှုရှိရှိလှနေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေလည်း မင်းသမီးလေး ပက်ထရစ်ရှာရဲ့ ဖက်ရှင်ပုံရိပ်လေးတွေကို ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Patricia;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။