မန်ယူဂိုးသမားဒီဂီယာကို မနှစ်နွေရာသီတုန်းက ရီးရဲလ်မက်ဒရစ်အသင်းက ခေါ်ယူနိုင်လုနီးပါးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အပြောင်းအရွှေ့တွေပိတ််ခါနီးမှာတော့ စာရွက်စာတမ်းအချက်အလက်တွေ အချိန်မှီမပြီးစီးခဲ့ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့အတူ မန်ယူဘက်ကဒီဂီယာကို ဖမ်းဆုပ်ထားနိုင်ခဲ့ပြီး 2019 အထိသက်တမ်းတိုး ချုပ်ဆိုလိုက်ပါတယ်။

ဒါပေမယ့်မတ်ဒရစ်ဥက္ကဌပီရက်ဇ်က လက်မလျော့ဘဲ ယခုရာသီကုန်ရင်ပြန်ကြိုးစားချင်နေပါတယ်။ ဒါပေမယ့် နည်းပြ ဇီဒန်းကတော့ ဒီဂီယာကိုသူမလိုချင်ကြောင်းပြောပါတယ်။ မတ်ဒရစ်ရဲ့ဘောစ့်ဟာလာမယ့်နှစ်မှာ အသင်းရဲ့ကစားသမားတွေဖြစ်တဲ့ပီပီ၊ကွန်ထရာအို၊ရိုဒရီဂွတ်ဇ်၊မိုရတ်တာ၊ ဘင်ဇီးမားတို့အပြင် ရော်နယ်ဒိုကိုပါထုတ်ရောင်းပြီးကစားသမားအသစ်များနဲ့တစ်ကျော့ပြန်သွေးသစ်လောင်းကာကြယ်စင်စုကိုပြန်တည်ဆောက် တော့မှာဖြစ်ပါတယ်။

အဲ့ဒီထဲမှာ ဂိုးသမားအသစ်ကိုပေါ်ခေါ်ယူဖို့ အစီအစဉ်ရှိနေပါတယ်။ ဒါပေမယ့် ဇီဒန်းကတော့ဒီဂီယာကိုပစ်မှတ်မထားဘဲ ချဲလ်ဆီးဂိုးသမား ကော်တိုရစ်ကိုသာ ခေါ်ချင်နေတယ်လို့ သတင်းတွေမှာဖေါ်ပြထားပါတယ်။

ဒီဂီယာကို ဂိုးသမားတစ်ယောက်ရဲ့ပရီးမီးယားလိဒ်စံချိန်တင်ပြောင်းရွေ့ကြေး ဖြစ်တဲ့ ပေါင်(17.8)သန်းနဲ့2011ခုနှစ်ကတီကိုအသင်းကနေခေါ်ယူခဲ့တာဖြစ်ပါတယ်။လာမယ့်နှစ်မှာ ပြောင်းရွှေ့မယ်ဆိုရင်လက်ရှိဒီဂီယာရဲ့စျေးနှုန်းဟာ ပေါင် (43)သန်းအထိရှိနေပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။