Twilight Saga ဇာတ်လမ်းတွဲကနေ အောင်မြင်မှု ရရှိကာ လူသိများလာတဲ့ မင်းသမီး Kristen Stewart ဟာ သူမနဲ့ အတူ သရုပ်ဆောင်ခဲ့တဲ့ မင်းသား robert pattinson နဲ့ ချစ်ကြိုက်ခဲ့ပြီး 2009 ခုနှစ်ကနေ 2013 ခုနှစ် ထိတွဲခုတ်ခဲ့ပါသေးတယ်။ 2016 ခုနှစ်ထိ မင်းသား Nicholas Hoult နဲ့ ဒိတ်လုပ်နေပါတယ် လိာု့ သတင်းတချို့ ထွက်ရှိခဲ့ပြီး နောက်ပိုင်းမှာတော့ သူမဟာ လိင်တူ အမျိုးသမီးချင်း ချစ်ကြိုက်တဲ့ Lesbian အဖြစ် ခံယူခဲ့ပါတယ်။

သူမဟာ 2016 ခုနှစ် မတ်လကနေ အေပရယ်လ အထိ Soko ဆိုတဲ့ ပြင်သစ် အဆိုတော်မလေးနဲ့ နှစ်လတာ တွဲခုတ်ခဲ့ပြီး 2016ခုနှစ် အောက်တိုဘာလကနေ ဒီဇင်ဘာလ အထိ သူမထက် (၇) နှစ် ကြီးတဲ့ ဂီတပညာရှင် St. Vincent ဆိုတဲ့ အမျိုးသမီးနဲ့ လည်းနှစ်လတာ ထပ်တွဲခုတ်ခဲ့ပါသေးတယ်။ သူမ (၂) နှစ်တာ ချစ်သူတွေအဖြစ် တွဲခုတ်ခဲ့တဲ့ မိန်းကလေးကတော့ Alicia Cargile ဖြစ်ပြီး 2014 ခုနှစ် ကနေ စတင်ဒိတ်လုပ်ပြီး 2016ခုနှစ်မှာ လမ်းခွဲခဲ့ပါတယ်။

သူမ လက်ရှိတွဲခုတ်နေတဲ့ ချစ်သူမိန်းကလေးကတော့ ဘယ်ဂျီယန် မော်ဒယ်လ်မလေး Stella Maxwell ဖြစ်ပြီး Victoria's Secret Model တွေထဲက Sexy အကျဆုံး မော်ဒယ်လ်တွေထဲက တစ်ယောက်ဖြစ်ပါတယ်။ သူတို့ နှစ်လုံးရဲ့ အချစ်ရေးဟာ 2016ခုနှစ် ဒီဇင်ဘာလကနေ စတင်လာခဲ့ပြီး ယနေ့2018ခုနှစ် တိုင် ခိုင်မြဲနေဆဲ ဆက်ဆံရေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

Kristen Stewart ကတော့ အမှန်တကယ် သာမာန်ယောကျ်ားတစ်ယောက်မျိုးရဲ့ ထက်ပိုတဲ့အချစ် ကို ပေးနိုင်သူမို့ သူတို့ နှစ်ဦးဟာ အမြဲ တတွဲတွဲ မခွဲတဲ့ ဆက်ဆံရေး နဲ့ပျော်ရွှင်နေကြတာဖြစ်ပါတယ်။Stewartဟာ လိင်တူ ချစ်ကြိုက်သူ Lesbian တစ်ယောက် အဖြစ် လုံးဝခံယူပြီးတဲ့နောက် သူမရဲ့ စတိုင်လ်နဲ့ ဖက်ရှင်လ် တွေကို လုံး၀ ယောကျာ်းလေး တစ်ယောက် အသွင်ပြောင်းလဲ နေထိုင်ခဲ့တာဖြစ်ပါတယ်။ မိန်းကလေးချင်ေးတာင် ကြွေရလောက်အောင် ညို့တတ်ပြင်းတဲ့ မျက်ဝန်းတွေကို ပိုင်ဆိုင်ထားတဲ့ Stewart ဟာ သူမနဲ့ လိုက်ဖက်တဲ့ ယောကျ်ားလေးဖက်ရှင်လ်တွေကို ဝတ်ဆင်တတ်သူဖြစ်ပါတယ်။

source: www.justjared.com; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။