လက်ရှိပြည်တွင်း ရေကြီးမှုတွေကြောင့် မြန်မာပြည်အနှံ့အပြားထိခိုက်ဆုံးရှုံးမှုများစွာနှင့်အတူ သေဆုံးမှုများစွာလည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ရေကြီးမှုကြောင့်ရေဘေးကယ်ဆယ်ရေးစခန်းများစွာတွင်လည်း လူထောင်ပေါင်းများစွာရောက်ရှိနေပြီး အနေအထိုင် အစားအသောက်နှင့်အတူ လိုအပ်ချက်များစွာဖြစ်ပေါ်လျှက်ရှိကြောင်း သိရပါတယ်။  

လက်ရှိ အဆိုပါ ရေကြီးမှုအတွက် ပြည်တွင်းပရဟိတများစွာနှင့်အတူ ပြည်တွင်း နိုင်ငံဝန်ထမ်းများစွာက ကူညီဆောင်ရွက်မှုတွေ ပြုလုပ်ပေးလျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ ပရဟိတကူညီဆောင်ရွက်သူတွေထဲမှာ ပရိသတ်အချစ်တော် လူရွှင်တော်များလည်း ပါဝင်ခဲ့ကြောင်း သိရပါတယ်။ နိုင်ငံကျော် ဟာသလူရွှင်တော်တွေဖြစ်တဲ့ အုန်းသီး၊ ချက်ကြီး၊ ဖိုးသဲနှင့်အတူ ဟားငါးကောင်အဖွဲ့ သီးလေးသီးအဖွဲ့၊ လူငယ်စတားအဖွဲ့နှင့်အတူ အခြားပရဟိတလူငယ်များစွာလည်း ပါဝင်ကူညီခဲ့ကြောင်း သိရပါတယ်။  

လက်ရှိ ရေကြီးမှုဒဏ်အဆိုးရွားဆုံးခံစားနေရတဲ့ ကရင်ပြည်နယ် ဘားအံမြို့၊ မွန်ပြည်နယ် ဘီးလင်းမြို့ ပဲခူးတိုင်းဒေသကြီး တနင်္သာရီတိုင်းဒေသကြီးအပါအဝင် အခြားရေဘေးသင့်ဒေသတွေအတွက် ကူညီဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။ နေ့ရောညပါ ကြိုးစားလုပ်ကိုင်နေကြတဲ့ ပရိသတ်အချစ်တော်တွေရဲ့ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - KoChat Gyi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။