သရုပ်ဆောင် မေ ဆိုတဲ့ မင်းသမီးချောလေးကတော့ ပရိသတ်တွေ လက်ခံအားပေးပြီးသား မင်းသမီးချောလေးဖြစ်လို့မိတ်ဆက်ပေးစရာမလိုတော့ပါဘူးနော် ။ သရုပ်ဆောင်ကောင်း တဲ့အပြင် ချစ်စဖွယ်အပြုံးချိုချိုလေးတွေနဲ့ပရိသတ်ကို ဖမ်းစားထားတဲ့သူမဟာ သရုပ်ဆောင် ပိုင်းမှာသာမက သီချင်းဆိုတဲ့နေရာမှာလည်း နားဝင်ချိုလွန်းလို့ အနုပညာပါရမီ ရင့်သန် သူလေးလို့ ဘဲ ဆိုရမှာပါဘဲ ။

သူမဟာ သူမရဲ့အနုပညာလှုပ်ရှားမှုတွေ သူမရဲ့တစ်နေ့တာ လှုပ်ရှားမှုတွေကို သူမရဲ့လူမှုကွန်ယက်စာမျက်နှာကနေ တစ်ဆင့် ပရိသတ်တွေကို အမြဲတမ်းမျှဝေနေကြပါ ။ အခုလက်ရှိမှာတော့ သူမဟာ မြန်မာနိုင်ငံရဲ့ အင်းဝမြို့တော်ကို ရောက်ရှိနေတာပါ ။ သူမက အင်းဝကနေ " အင်းဝမှာလဲ မောင့်ကို ရှာကြည့်ခဲ့သေးတယ် " ဆိုတဲ့စာသားနဲ့ အတူ သူမရဲ့ အင်းဝမြို့ဟောင်းမှာ ရိုက်ကူးထားတဲ့ ချစ်စဖွယ် အလှပုံရိပ်လေးတွေကို ပရိသတ်ကို ပြန်လည်မျှဝေပေးထားပါသေးတယ် ။

သူမ အင်းဝမှာ ဘယ် မောင် ကိုရှာနေလည်းဆိုတာတော့ ပရိသတ်တွေ စိတ်ဝင်စားနေ ကြမယ်လို့ထင်ပါတယ် ။ မေ့ရဲ့အချစ်ရေးကို စိတ်ဝင်စားနေကြတဲ့ ပရိသတ်ကြီးကတော့ တွေ့ခဲ့ လားလို့ စနောက်နေကြပါသေးတယ် ။ မေ့ကို ချစ်တဲ့ ပရိသတ်ကြီးအတွက် သူမရဲ့အင်းဝ ရောက်အမှတ်တရ အလှပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြလိုက်ပါတယ်နော် ။

Source : Candy May

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။