သဘာဝမင်းသားအဖြစ် ပရိသတ်တွေတင်စားထားတဲ့ ပြည်သူ့အချစ်တော်မင်းသားမြင့်မြတ်ကတော့ ပီပြင်တဲ့ကာရိုက်တာတွေနဲ့ ပရိသတ်တွေရဲ့ အသည်းတွေကို ကိုင်လှုပ်နိုင်တဲ့ တစ်ဦးတည်းသော မင်းသားလို့ ဆိုရမှာပါပဲ..။

သရုပ်ဆောင်ပိုင်းမှာ ထူးချွန်လွန်းတဲ့ မြင့်မြတ်ကတော့ သူ့ရဲ့ကျွမ်းကျင်ပီပြင်လွန်းတဲ့ ကျရာဇာတ်ရုပ်တွေမှာ ပရိသတ်တွေ လွမ်းခဲ့ ငိုခဲ့ ပျော်ရွှင်ရယ်မောခဲ့ရတာ အကြိမ်ကြိမ်ပါပဲနော်..။

အားလုံးရဲ့အချစ်တော်မြင့်မြတ်ဟာ လတ်တလောမှာ မင်းသမီးချောလေး ရွှေမှုံရတီနဲ့အတူ ချောင်းသာကမ်းခြေမှာ “ချာလီဘ နဲ့ဂေါ်လီမ..” ရုပ်ရှင်ဇာတ်ကားကို ငွေဆောင်မှာ ရိုက်ကူးနေပြီး ဟာသဇာတ်ရုပ်တွေနဲ့ ပရိသတ်တွေရှေ့ပြန်လည်ရောက်ရှိလာဦးမှာမို့ မြင့်မြတ်ရဲ့ပရိသတ်တွေအတွက် ပျော်စရာသတင်းကောင်းလေးပါပဲနော်..။

ဇာတ်ကားလေးထဲမှာတော့ မြင့်မြတ်ကို ကာရိုက်တာနှစ်မျိုးနဲ့ တွေ့ရမှာဖြစ်ပြီး ရွှေမှုံကို တစ်ဖက်သက်လိုက်ကြိုက်ပြီး အမျိုးမျိုးဖွန်ကြောင်တဲ့ ဟာသဇာတ်ရုပ်လေးတွေနဲ့ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်..။

မြင့်မြတ်၊ ရဲအောင်၊ ခင်လှိုင်၊ စိုးမြတ်သူဇာ၊ ရွှေမှုံရတီ တို့က ပါဝင်သရုပ်ဆောင်ထားကြပြီး မင်းသမီးချောလေးရွှေမှုံရတီကတော့ “ဂေါ်လီမ ဆိုတဲ့နာမည်လေးနဲ့ သွက်သွက်လက်လက် ဆပ်စလူးပုံစံ ပါဝင်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်..။

စိုးမြတ်သူဇာကတော့ ဇီဇာကြောင်ရွေးလွန်းလို့ ယောင်္ကျားမရတော့တဲ့ ရွှေမှုံရဲ့အဒေါ်အပျိုကြီးအဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး ခင်လှိုင်ကလည်း မြင့်မြတ်ရဲ့အစ်ကိုတစ်ဝမ်းကွဲ ဇာတ်ရုပ်နှစ်မျိုးနဲ့အခြောက်ပုံစံလေး အဖြစ်သရုပ်ဆောင်ထားကြတာမို့ ပရိသတ်တွေပါးစပ်မစေ့ရယ်မောရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်မှာ အသေအချာပါပဲမို့ စောင့်မျှော်အားပေးကြရအောင်နော်..။

Photo - မြင့်မြတ်၊ မြတ်ဝေထွန်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။