ပရိသတ်ကြီးရေ မင်းသမီးလေး ပိုင်ဖြိုးသုကတော့ "3 Girls" ရုပ်ရှင်ကားကြီးနဲ့ အကယ်ဒမီဆုကို ရရှိထားတဲ့ သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်ပါတယ်။ အသက်ငယ်ငယ်နဲ့ အနုပညာလောကမှာ ထူးခွှန်တဲ့ထိပ်တန်းမင်းသမီးတစ်ဦး ဖြစ်လာတဲ့ သူမက ပညာရေးဘက်မှာလည်း ထက်မြက်တဲ့ ဆရာဝန်မလေးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူမက ရန်ကုန်တိုင်းဒေသကြီးရဲ့ ကျန်းမာရေးသံတမန်အဖြစ် ခန့်အပ်ခြင်း ခံထားရတဲ့သူလည်း ဖြစ်ပါတယ်။

စိတ်ထားမွန်မြတ်ပြီး လူနာတွေကို မိသားစုလို ဆက်ဆံတတ်တဲ့ သုသုက ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မြန်မာနိုင်ငံဆရာဝန်အသင်း(ဗဟို) မှဆရာဝန်ကြီးများနှင့်အတူ ပဲခူးရေဘေးသင့်ပြည်သူများအတွက်လည်း ပရိသတ်တွေကိုယ်စား ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းအားပေးခဲ့ပါသေးတယ်။ လတ်တလောမှာ သူမအနေနဲ့ ပွဲအခမ်းအနားတွေကို တက်ရောက်နေသလို ကြော်ငြာတွေအပြင် ရုပ်ရှင်ကားကြီးတွေလည်း ရိုက်ကူးနေရတာ ဖြစ်ပါတယ်။

အခုလည်း သုသုက သြဂုတ်လ ၄ရက်နေ့က Sedona Hotel မှာ ကျင်းပပြုလုပ်ခဲ့တဲ့ " BELLA BE A STAR ( Make up workshop)" ပွဲကို တက်ရောက်ခဲ့တဲ့ သူမရဲ့ပုံရိပ်လေးတွေကို Facebook မှာ တင်ထားတာ တွေ့ရပါတယ်။ သူမက "CHAW CHAW SILK & LUXURY FASHION " ကစီစဉ်ပေးထားတဲ့ အဝါရောင်ဝတ်စုံလေးကို ဝတ်ဆင်ကာ စမတ်ကျကျ ပွဲတက်ခဲ့တာ ဖြစ်ပါတယ်။ မိတ်ကပ်မေဦးရဲ့ ပြင်ဆင်ခြယ်သမှုနဲ့အတူ ကျက်သရေရှိရှိ လှနေတဲ့ ပိုင်ဖြိုးသုရဲ့ အလှပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ဝေမျှပေးလိုက်ပါတယ်နော်။

Source: Paing Phyoe Thu;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။