လက်ရှိအနုပညာလောကမှာ ပရိသတ်အချစ်တွေကို များစွာပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တွေထဲမှာတော့သရုပ်ဆောင် ယုသန္တာတင်လည်းအပါအဝင်ဖြစ်ပါတယ်။ရုပ်ရှင်ဇာတ်ကားများစွာ ရိုက်ကူးထားပြီး ပီပြင်တဲ့သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်အားပေးမှုတွေကိုများစွာ ရရှိ ပိုင်ဆိုင်ခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေနည်းနေပေမယ့်လည်း သူမရဲ့သွားလာလှုပ်ရှားမှုတွေကိုတော့သူမရဲ့လူမှုကွန်ယက်ပေါ်မှာ အမြဲမျှဝေလေ့ရှိသူတစ်ယောက်လည်းဖြစ်ပါတယ်။ယခုအခါမှာတော့ သူမရဲ့မြန်မာဝတ်စုံလေးနဲ့ တစ်ခမ်းတစ်နား ကျက်သရေရှိနေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

ဘယ်လို ဖက်ရှင်လေးနဲ့ မဆိုလှပနေသူလေး ယုကတော့ ဒီကနေ့မှာလည်း မြန်မာဝတ်စုံလေးနဲ့ နန်းဆန်လို့နေပါတယ်။လှပကျော့ရှင်းတဲ့ အလှတရားနဲ့ သူမရဲ့အပြုံးလေးတွေက မြင်ရသူပရိသတ်တွေတိုင်းကြွေကျသွားစေနိုင်ပါတယ်။သူမရဲ့ ဓာတ်ပုံလေးတွေကိုလည်း ပရိသတ်တွေသဘောကျမိမှာပါ။သူမကိုချစ်တဲ့ ပရိသတ်တွေအနေနဲ့လည်းသူမရဲ့ ပုံရိပ်လေးတွေကိုကြည့်ပြီး အားပေးစကားလေးတွေပြောခဲ့ကြပါအုံးနော်...

သတင်းအရင်းအမြစ်-ယုသန္တာတင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။