ပရိသတ်ကြီးရေ အဆိုတော် သရုပ်ဆောင် ရဲရင့်အောင်က လူငယ်တွေကြား ရေပန်းစားအောင်မြင်နေတဲ့ အဆိုတော်တစ်ဦး ဖြစ်ပါတယ်။ Hip Hop, Rap , Pop စတဲ့ သီချင်းဂီတ အမျိုးအစားတွေကို ကိုယ်တိုင်ရေးစပ်သီဆိုလေ့ရှိပြီး လူငယ်ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှု ရရှိထားသူ ဖြစ်ပါတယ်။ ရှိုးပွဲပေါင်းများစွာမှာ ပါဝင်သီဆိုနေရတဲ့ ရဲရင့်အောင်က အခုလည်း မန္တလေးက ဖျော်ဖြေပွဲတစ်ခုကို သွားရောက်ခဲ့ပြီး ပရိသတ်တွေ ပျော်ပျော်ရွှင်ရွှင် တွေ့ဆုံခဲ့ပါတယ်။

ရဲရင့်အောင်က မန္တလေးမှာ ကျင်းပပြုလုပ်တဲ့ Korea Night Market MDY ပွဲမှာ ဖျော်ဖြေဖို့အတွက် သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ " မဲမဲသဲသဲ နဲ့ အခါးရည်သောက်ရင်း မန္တလေးအလှကိုရှိုးပလိုက်တယ်... ရှုပ်လို့ "ဆိုတဲ့ စာသားလေးနဲ့အတူ သူ့ကိုစောင့်မျှော်နေကြတဲ့ မန္တလာမြေက ပရိသတ်တွေကို ရောက်ရှိနေကြောင်း နှုတ်ဆက်ရင်း သူရဲ့ပုံလေးကို တင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် သူ့ကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေနဲ့အမှတ်တရ ရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေထားပါသေးတယ်။

အခုလည်း ရဲရင့်အောင်က မန္တလေးဖျော်ဖြေပွဲမှာ ပရိသတ်တွေကို သီဆိုဖျော်ဖြေနေတဲ့ သူ့ရဲ့ပုံရိပ်လေးတွေကို "မနေ့ညက ပုံတွေဗျို့" ဆိုပြီး နောက်ထပ်ဝေမျှထားတာ တွေ့ရပါတယ်။ ချွေးတရွဲရွဲနဲ့ မမောမပန်းနိုင်အောင် အားအပြည့်နဲ့ သီဆိုဖျော်ဖြေခဲ့တဲ့ ရဲရင့်အောင်ရဲ့ လျှပ်တပြက်ပုံရိပ်လေးတွေကို ပရိသတ်တွေ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ ကဲ ရဲရင့်အောင်ကို ချစ်တဲ့ပရိသတ်ကြီးလည်း Korea Night Market MDY ပွဲမှာ သီချင်းဆိုခဲ့တဲ့ ရဲရင့်အောင်ရဲ့ပုံရိပ်လေးတွေကို ကြည့်ရှုဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Yair Yint Aung & Minn Thant Sin ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။