လက်ရှိ ပြည်တွင်းရေကြီးမှုတွေအတွက် အကူအညီများစွာလိုအပ်လျှက်ရှိပြီး ပရဟိတလုပ်သားများစွာလိုအပ်မှုရှိနေကြောင်း သိရပါတယ်။ ရေဘေးသင့်ပြည်သူ ထောင်းပေါင်းများစွာရှိနေပြီး နေအိမ် စွန့်ခွာမှုတွေကြောင့် အစာရေဆာနှင့်အတူ လိုအပ်ချက်များစွာရှိနေကြောင်း သိရပါတယ်။ လက်ရှိ ပြည်တွင်းရေဘေးသင့်ပြည်သူတွေအတွက် အနယ်နယ်အရပ်ရပ်မှပရဟိတအဖွဲ့များစွာနှင့်အတူ အနုပညာလောကသားများစွာက ကူညီဆောင်ရွက်မှုတွေပြုလုပ်ပေးလျှက်ရှိတာတွေ့ရပါတယ်။  

အဆိုပါ ရေဘေးကူညီဆောင်ရွက်မှုတွေထဲမှာ ပရုဟိတခေါင်းဆောင် ဦးကျော်သူရဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့်အတူ အနုပညာမောင်နှတွေပူးပေါင်းဆောင်ရွက်ခဲ့တာတွေ့ရပါတယ်။ ဒီကနေ့ ဦးကျော်သူပရဟိတအဖွဲ့တွေနဲ့အတူ ပဉ္စလက်ရွာ အဖွဲ့သားတွေဖြစ်တဲ့ ထွန်းကိုကို၊ ထူးအောင်နှင့်ပြည့်ဖြိုးတို့ကလည်း လုပ်အားဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ အလှူနှင့်ပတ်သက်ပြီး ဦးကျော်သူကတော့

"ကူသူ တွေကလည်း ပျော်။

ယူသူ တွေကလည်း ပျော်ရတဲ့ ဒါနပြုပွဲ။" ဟူ၍ ရေးသားထားတာတွေ့ရပါတယ်။ ထို့အပြင်"ပေးဆပ်သူတို့၏ပီတိသည်

မည်သည့်အရာနှင့်မျှမလဲနိုင်ပါချေ။" ဟူ၍လည်း ရေးသားထားတာတွေ့ရပါတယ်။ မွန်မြတ်တဲ့အပြင်တွေထဲမှာ ပီတိအဖြစ်ရဆုံးအလှူတစ်ခုကို လုပ်ဆောင်သူအားလုံးကို သာဓုခေါ်ရင်း ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

Photos - Kyaw Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။