သားသမီးရှိတဲ့ အနုပညာသမား တစ်ယောက်အနေနဲ့ သူမရဲ့ အခက်အခဲတွေကို ရင်ဖွင့်လိုက်တဲ့ အိန္ဒြာကျော်ဇင်

မြန်မာပြည်ရဲ့ ထိပ်တန်းအကျော်အမော်မင်းသမီးတစ်လက်ဖြစ်သူ အကယ်ဒမီ အိန္ဒြာကျော်ဇင်ဟာ သူမရဲ့ အနုပညာရှင်ဘဝ နဲ့ မိခင်ဘဝကို နှိုင်းယှဉ်ပြီး ယခုလိုပဲ သူမရဲ့ လူမှုစာမျက်နှာမှာ ရေးသားထားတာတွေ့ရပါတယ်။

"ဪ..အနုပညာသမားဘဝကို......

ချစ်တော့ချစ်တယ် ဒါပေမဲ့ မုန်းတယ်..

ပျော်တော့ပျော်တယ် ဒါပေမဲ့ စိတ်ညစ်တယ်..

လိုတော့လိုချင်တယ် ဒါပေမဲ့ မလိုချင်တော့ဘူး..

ကလေးတွေနဲ့ပက်သတ်လာရင် ဒါပေမဲ့အနောက်ကဟာတွေပဲဖြစ်နေတယ်...." ဆိုပြီး ရေးသားထားတာတွေ့ရပါတယ်။ သူမရဲ့ အမာခံပရိသတ်တွေကတော့ သူမဖက်က အမြဲရှိနေပါတယ် ကြိုးစားပါ အူဝဲရေ စသဖြင့် အားပေးစကားတွေပြောနေကြတာကိုလည်း comment မှာ တွေ့ခဲ့ရပါတယ်။ 

အူဝဲဟာ အနုပညာရှင်တစ်ယောက်အနေနဲ့ ထူးချွန်ပြောင်မြောက်သလို အိမ်ထောင်ရှင်မိခင်တစ်ယောက် အနေနဲ့လည်း တာဝန်ကျေပွန်သူဖြစ်တယ်လို့ သိရပါတယ်။ သို့သော်လည်း သူမအနေနဲ့ သားသမီးကိစ္စနဲ့ယှဉ်လာရင်တော့ အနုပညာအလုပ်ထက် ပိုပြီးဦးစားပေးတတ်ပါတဲ့ ပရိသတ်ကြီးရေ……

Source: Eaindra Eaindra

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။