ရွှေထူးတစ်ယောက် ဘန်ကောက်မြို့ဧတချိုင် (14)လမ်း ဘုန်းကြီးကျောင်းတွင်၅ရက်နေ့(ဒီနေ့မှာ)လုပ်မယ့်ပွဲလေးကျွန်တော့်ကြောင့် ရွှေ့လိုက်ရတဲ့အတွက်အလုပ်ဖျက်ပြီးစောင့်နေကျတဲ့ ကျွန်တော့်ပရိတ်သတ်တွေရော ... မတွေ့ဖူးလိုမြင်ချင်ကြတဲ့ပရိသတ်တွေရော ... ငွေတွေ အချိန်တွေ နစ်နာခဲ့ရတဲ့... ပရိသတ်အားလုံးအားလုံးအယောက်စီတိုင်းကို အနူးညွှန့်တောင်းပန်လိုက်ရတယ် လို့ဆိုပါတယ်။တညလုံးမအိပ်ပဲကျွန်တော်ရော Yzet တို့ရော Flight ကအစောကြီးမို့မမှီမှာစိုးပြီးတောင်မအိပ်ပဲထိုင်စောင့်နေကြတဲ့ကြားကနေအခုလိုဖြစ်ခဲ့တာပါတဲ့ ။ ပရိသတ်တွေကတော့ ဒီကိစ္စ နဲ့ပတ်သက်ပြီး စိတ်ခံစားမှုတွေ မြောက်မြားစွာဖြစ်ပေါ်ခဲ့ပါတယ်။

အခုလိုဖြစ်ရတဲ့အတွက် ရွှေထူးက "ပွဲဆိုဖို့ လေဆိပ်ထိရောက်ခဲ့ပီးမှ passport error လေးတခုကြောင့်ဘာမှမတတ်နိုင်ပဲ လေဆိပ်ကနေပြန်လာခဲ့ရပါတယ် .. ကျွန်တော်အမှားပါပဲ ... အနူးညွှန့်တောင်းပန်ပါတယ်ဗျာ...၊ပွဲစီစဉ်တဲ့ တာဝန်ရှိလူကြီးများနဲ့ ဘုန်းဘုန်းတို့ကိုလည်း အနူးအညွန့်ထပ်ပြီးတောင်းပန်ပရစေဗျာ ... နားလည်ပေးလို့လည်း စီစဉ်သူလူကြီးများကို ကျေးဇူးတင်ပါတယ်ဗျာ ... အကောင်းဆုံးတိုင်ပင်ပီးပြန်လည်ဖျော်ပေးဖို့ ဆွေးနွေးပြီးသွားရင် ကျွန်တော်ပြန်လည်ကြေညာပေးသွားပါ့မယ်ခင်ဗျာ..." လို့ သူရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာရေးသားထားတာကို တွေ့ရပါတယ်

ပရိသတ်ကြီးရဲ့ ဒေါသတွေကို ခံယူဖို့အတွက်လည်း" စောင့်မျှော်နေတဲ့ပရိသတ်ကြီးရဲ့ နားလည်ပေးမှုမှတပါး ကျွန်တော့်မှာမျှော်လင့်စရာမရှိပါ...ဆဲချင်လဲ ကျွန်တော့်ပဲဆဲကြပါခင်ဗျာ... ကျွန်တော့်အမှားအတွက် ကျွန်တော်ခံယူဖို့အသင့်ပါစာရေးရာတွက်အမှားလေးများပါခဲ့လျင်လည်း ဖြည့်စွက်နားလည်ပေးကြပါဦးဗျာ." လို့ရေးသားထားတာကို တွေ့ရပါတယ် ။ ဦးရွှေfanဒေမှာတော့ ဦးရွှေမျက်နှာငယ်မှာစိုးလို့ အဝေးကနေလာပီးလူအားအပြည့်နဲ့လာအားပေးကြတာ.ဦးရွှေမလာနိုင်တော့ဘူးလို့ ဘုန်းဘုန်းမိန့်နော့ မျက်ရည်အဝိုင်းသားဖြစ်သွားကြတဲ့ ပရိသတ်တွေလည်းရှိတယ်လို့ဆိုပါတယ်။ ပရိသတ်ကြီးရေ ရွှေထူး ကတော့ အမှားတစ်ချက်အတွက် ဆဲချင်တိုင်းဆဲခွင့်ပေးလိုက်ပြီး တောင်းပန်လိုက်တဲ့အပေါ်အမြင်လေးတွေမှတ်ချက်မှာ ပြောပြပေးသွားကြပါနော်။

Source- Htoo Khant 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။