ပြည်သူချစ် အနုပညာရှင် တစ်ဦးဖြစ်တဲ့ ဖွေစိန်လေးဟာ လက်ရှိ ဒုတိယအကြိမ် ရုံတင်ပြသနေဆဲဖြစ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ရုံရှင်ဇာတ်လခမ်းရဲ့ အဓိက ပင်မသရုပ်ဆောင် မင်းသမီး အနေနဲ့ ပါဝင်နေတယ်လို့ ဆိုရမှာပါ။ အမှန်တကယ်ကို ယုသရိဆန်တဲ့ သရဲဝင်ပူးခန်း၊ ဆေးမိတဲ့ အခန်းတွေ က သရုပ်ဆောင်ချက်တွေဟာ အမှန်တကယ်ကို ကြက်သီးထလောက်အောင် ပိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီသရုပ်ဆောင်ခန်းတွေအတွက် ဖွေးစိန်လေးဟာ အမှန်တကယ်ကို ကြိုးစားအားထုတ်မှုတွေပြုလုပ်မှုတွေ ပြုလုပ်ခဲ့ရသလို " လောက်တွေကလည်း ကြက်သေပုပ်က ရထားတာတွေဆိုတော့ တစ်အိမ်လုံးး အရမ်းးနံနေတာ .. လောက်တွေခြေထောက်ပေါ်တင်ပြီးရိုက်ရတော့ ဖွေးဆို အော်ငိုတာ .." ဆိုတဲ့ ကြောက်လန့် နဲ့ ရိုက်ကူးရတဲ့ အခန်းတချို့ကို ပြောပြခဲ့ပါတယ်။ မိမိကို တဖက်သတ်ချစ်နေတဲ့ ယောကျ်ားတစ်ယောက်ရဲ့ ပီယဆေးကြောင့် အစိမ်းကပ်သလို၊ အပမှီသလို ပြောင်းလဲ သွားတဲ့ သာယာဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဖာတ်အိမ်ကို ပီပြင်အောင် ထိန်းထားနိုင်ခဲ့ပြီး ဒီဇာတ်လမ်းနောက်ကွယ်က လျို့ဝှက်ချက်တေါကလည်း စိတ်ဝင်စားစရာဖြစ်ပါတယ်။

လက်ရှိမှာ တော့ ဒီ ကာဗွန်ဒိုင်အောက်ဆိုဒ်ဆိုတဲ့ ရုပ်ရှင် ဇာတ်လမ်းဟာ ပရိတ်သတ်တွေကိ ုအထိတ်လန့်ဆုံးနဲ့ အကြောက်လန့်ဆုံး ရုပ်ရှင်ဇာတ်လမ်းတစ်ခုဖြစ်သလို ဒုတိယအကြိမ်တောင် ပြန်လည် ရုံတင်ပြသနေရတဲ့ အားပေးအကြမ်းဆုံး ဇာတ်လမ်းဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ အဓိက သရုပ်ဆောင်ဖြစ်တဲ့ သာယာ ခေါ် ဖွေးစိန်လေးကတော့ သူမရဲ့ သရုပ်ဆောင်ချက်တွေနဲ့ ပရိသတ်တွေကို ကြက်သီးထစေခဲ့သူမို့ ဒီဇာတ်လမ်းနဲ့ နောက်ထပ် အကယ်ဒမီ ဆုကြီး ရနိုင်ဖို့ အလားအလာ ရှိနေတာဖြစ်ပါတယ်။

SOURCE: Carbon Dioxide;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။