ပရိသတ်ကြီးရေ တက်သစ်စ မော်ဒယ်မလေးဖြစ်ပြီး ဖူးလေးလို့ အများက ချစ်စနိုးခေါ်ကြတဲ့ မေတိုးခိုင်ကတော့ ငယ်ရွယ်ပြီး ချစ်စရာကောင်းတဲ့ ဆယ်ကျော်သက် အနုပညာရှင်လေး ဖြစ်ပါတယ်။ သူမက နိုင်ငံကျော် မင်းသမီးချော အိန္ဒြာကျော်ဇင်ရဲ့ တူမလေးဖြစ်သလို လူချစ်လူခင်များတဲ့သူလေးလည်း ဖြစ်ပါတယ်။ ဖူးလေးက "Hearty Heart " ရဲ့နှုတ်ခမ်းနီ ကြော်ငြာလေးတွေကတစ်ဆင့် ပရိသတ်တွေနဲ့ စတင်ရင်းနှီးခဲ့ပြီး လူသိများအောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ သူမက ဖက်ရှင်ရှိုးပွဲတွေမှာလည်း မော်ဒယ်အဖြစ် ပါဝင်လျှောက်လှမ်းနေပြီ ဖြစ်ပါတယ်။ မိတ်ကပ်ဗီဒီယိုလေးတွေနဲ့ ပရိသတ်ကို အမြဲတင်ဆက်ပေးလေ့ရှိတဲ့ သူမက အခုလည်း " BELLA BE A STAR ( Make up workshop) " ပွဲကို တက်ရောက်ခဲ့တာ တွေ့ရပါတယ်။ ဒီပွဲလေးကိုတော့ သြဂုတ်လရဲ့ ၄ရက်နေ့က Sedona Hotel မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ဖူးလေးက ချစ်စရာကောင်းတဲ့ ဝတ်စုံလေးနဲ့ လှလှပပတက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

သူမက " ဒီနေ့ Bella ရဲ့ “Be beautiful, be confident” event လေး ကိုသွားခဲ့တဲ့ ဝတ်စုံလေးနဲ့.."ဆိုတဲ့ စာသားလေးနဲ့အတူ ပွဲမသွားခင် ဓာတ်ဖမ်းခဲ့တဲ့ သူမရဲ့အလှပုံလေးတွေကို တင်ထားတာ တွေ့ရပါတယ်။ ပန်းပွင့်လေးတွေနဲ့အလှဆင်ထားတဲ့ ''VIVID Fashion TASTE" ကဝတ်စုံလေးကို ဝတ်ဆင်ကာ မိတ်ကပ်ကို သူမကိုယ်တိုင် ပြင်ဆင်ခြယ်သပြီး ပွဲတက်ခဲ့တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေလည်း မေတိုးခိုင်ရဲ့ နုနယ်လှပတဲ့ အလှတရားပုံရိပ်လေးတွေကို ကြည့်ရှုဖို့ ဝေမျှပေးလိုက်ပါတယ်နော်။

Source: May Toe Khine ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။