မြန်မာရုပ်ရှင်လောကရဲ့ ထိပ်တန်းမင်းသားစာရင်းဝင်သူ မင်းရာဇာကတော့ သဘာဝကျတဲ့ အက်ရှင်မင်းသားအဖြစ်ပရိသတ် လက်ခံအားပေးမှုကိုရရှိထားသူတစ်ဦးပဲ ဖြစ်ပါတယ်။မင်းရာဇာကတော့ အနုပညာလောကမှာအောင်မြင်မှုတွေရရှိထားသလို လက်ရှိမှာ အိမ်ထောင်ရေးမှာလည်း သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးနဲ့ စိတ်ချမ်းသာပျော်ရွှင်နေရတာပဲ ဖြစ်ပါတယ်။လက်ရှိမှာတော့ချစ်ရတဲ့ ဇနီးချောလေးရယ် ချစ်ရတဲ့သမီးငယ်လေးနဲ့ ပျော်စရာကောင်းတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး မကြာခင်မှာထပ်ဆင့်ဖေဖေရာထူးကို တိုးတော့မယ်လို့လည်း ဝမ်းမြောက်ဖွယ်ကြားသိရပါတယ်။ 

မင်းရာဇာကတော့ ဒီအကြောင်းလေးနဲ့ ပတ်သတ်ပြီး သူရဲ့လူမှုကွန်ယက်မှာခံစားချက်စာသားတစ်ချို့ ရေးထွင်းမှတ်တမ်းတင်ခဲ့တာပဲ ဖြစ်ပါတယ်။သြဂုတ်(၅)ရက်နေ့ မနေ့က မင်းရာဇာရဲ့ ချစ်ဇနီးချောလေးရဲ့ မွေးနေ့ရက်မြတ်လေးဖြစ်ပြီး ဇနီးဖြစ်သူအတွက် မွေးနေ့ဆု တောင်းလေးနဲ့အတူ အခက်ခဲအတားဆီးတွေအတူတူရင်ဆိုင်ကျော်ဖြတ်ရင်း အနားမှာရှိပေးခဲ့တဲ့ဇနီးကိုကျေးဇူးတင်စကားလေးဆိုထားတာပဲ ဖြစ်ပါတယ်။ဆက်လက်ပြီး မကြာခင်မှာ ဒုတိယမြောက်ရင်သွေးလေးကိုရတော့မယ့်အကြောင်းလေးကိုလည်း ပရိသတ်တွေကို အသိပေးပြီး ကြွားလုံးထုတ်လိုက်တာပဲ ဖြစ်ပါတယ်။  

သူရဲ့လူမှုကွန်ယက်မှာတော့ " HAPPY BIRTH DAY ပါချစ်ဇနီးလေးရေ ချမ်းသာခြင်း ဆင်းရဲခြင်း အောင်မြင်ခြင်း ကြရှုံးခြင်း အဆင်ပြေခြင်း အဆင်မပြေခြင်းဆိုတဲ့လောကဒဏ်တွေကိုမမုဘဲ ယောင်္ကျားနားမှာဆိုးအတူကောင်းအတူအမြဲတန်းရှိပေးတဲ့အတွက်အရမ်းကျေးဇူးတင်တယ်။ငယ်ငယ်ကတည်းကအမြဲတန်းအထီကျန်ခဲ့ရတဲ့ ကျားအတွက် အခုဒုတိယရင်သွေးလေးကိုထက်ယူပေးပြီးစည်ကားတဲ့မိသားစုလေးကိုပေးတဲ့အတွက် အရမ်းချစ်တယ်။ မိန်းမကျန်းမာ ချမ်းသာ စိတ်ချမ်းသာ အသက်ရှည် အနာကင်း အန္တရယ်ကင်းဘေးရှင်းပြီး စစ်မှန်သောတရားထူးတရားမြတ်နဲ့တွေ့နိုင်ပါစေ။ သမီးတွေသားတွေနဲ့ဘယ်တော့မှမခွဲဘဲအိုကံကောင်းတဲ့မိခင်ကောင်းတစ်ယောက်ဖြစ်ပါစေဗျာ။"ဆိုတဲ့စာလေးရေးသားခဲ့တာပဲ ဖြစ်ပါတယ်။မင်းရာဇာတို့ ပျော်ရွှင်ဖွယ်မိသားစုလေး အတွက်တော့တကယ့်ကိုဝမ်းမြောက်ဂုဏ်ယူ စရာပါပဲပရိသတ်ကြီးရေ။ 

သတင်းအရင်းအမြစ် - မင်းရာဇာ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။