MYANMAR IDOLရဲ့ TOP ဖိုင်နယ်လစ်ပြိုင်ပွဲဝင် ဖြိုးမြတ်အောင်ကိုတော့ ချစ်ပရိသတ်ကြီး ချစ်မှာပါ။ ဖြိုးမြတ်အောင်ကတော့ MYANMAR IDOLရဲ့ဖိုင်နယ်အဆင့်ကိုတတ်ရောက်ထားနိုင်သူဖြစ်ပြီး ယခုမှာ တခဲနက်အာပေးကြတဲ့ ဟင်္သာတမြို့ကပရိသတ်တွေနဲ့ သွားရောက်တွေ့ဆုံနေပါတယ်။ ဖြိုးမြတ်အောင်ကို ဟင်္သာတမြို့ကပရိသတ်တွေ က ဆွဲကြိုးတွေ လက်စွပ်တွေပေးခဲ့ကြတဲ့ ဗီဒီယိုကို အောက်မှာကြည့်နိုင်ပါတယ်ခင်ဗျာ။

ဖြိုးမြတ်အောင်ကိုတော့ ဟင်္သာတမြို့ကပရိသတ်တွေက ဆွဲကြိုးတွေ လက်စွပ်တွေကို သူတို့ ကိုယ်တိုင်ဝတ်ဆင်ပေးခဲ့ကြပါတယ်။ ဖြိုးမြတ်အောင်ကတော့ ယခုမှာ ပရိသတ်တွေရဲ့တခဲနက်အားပေးမှု ချစ်ခင်မှုတွေကို ရရှိနေရုံသာမက နိုင်ငံကျော်အနပညာရှင်တွေရဲ့ ထောက်ခံအားပေးမှုကိုပါ ရရှိထားတဲ့ ပြိုင်ပွဲဝင်တစ်ဦးဖြစ်ပါတယ်။ 

ဖြိုးမြတ်အောင်ကတော့ တစ်နေ့က ရန်ကုန်က စထွက်ကတည်းက ပရိသတ်တွေရဲ့ အားပါးတရကြိုဆိုခဲ့ခြင်းကိုခံခဲ့ရပါတယ်။ မနေ့ကလဲ ဖြိုးမြတ်အောင်က ပရိသတ်တွေအတွက် သီချင်းနဲ့သီဆိုဖျော်ဖြေခဲ့ပြီး ပရိသတ်ထောင်ပေါင်းများစွာလာရောက်အားပေးခဲ့ကြပါတယ်။ MYANMAR IDOLရဲ့ဖိုင်နယ်ကတော့ မကြာခင် ကျင်းပတော့မှာဖြစ်ပြီး ဘယ်သူက MYANMAR IDOL WINNERဖြစ်သွားမလဲဆိုတာ ပရိသတ်တွေက စောင့်မျှော်နေကြပါတယ်။ 

SOURCE: PHYO MYAT AUNG 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။