Melody World သီချင်းဆိုပြိုင်ပွဲဟာ ဝါသနာရှင်တွေရဲ့ အိမ်က်တွေကို တကယ့် professional အဆိုတော် တစ်ယောက်ဖြစ်လာဖို့ မြေတောင်မြှောက်ပေးတဲ့ ပြိုင်ပွဲ အစီအစဉ်တစ်ခုဖြစ်ပါတယ်။ 2007 ခုနှစ်ကနေ စတင်လာခဲ့တဲ့ ဒီ အစီအစဉ်ဟာ ယနေ့ 2018ခုနှစ်မှာ နောက်ဆုံး တင်ဆက်ပိတ်တင်ဆက်မှာ ဖြစ်ပြီး ဒီ အစီအစဉ်ကို လုံးဝဖျက်သိမ်းတော့မှာ ဖြစ်ပါတယ်။

ဒီအစီအစဉ်ရဲ့ မြေတောင်မြှောက်ပေးမှုကနေ ယနေ့ မြန်မာနိုင်ငံရဲ့ နိုင်ငံကျော် အဆိုတော်တွေ အဖြစ်အောင်မြင်နေသူတွေ အများအပြားရှိနေသလို အဲဒီလို အောင်မြင်နေတဲ့ သူတွေထဲက အပါအဝင်ဖြစ်တဲ့ အဆိုတော် ထက်နေခြည်( 2007-winner)၊ ချမ်းချမ်း၊ ကိုကိုမောင်၊ခိုင်ရွှေဝါ၊ နန္ဒာ တို့ကတော့ 2007 ခုနှစ် Melody World ရဲ့ စင်မြင့်ထက်မှာသာ မက ကိုယ်ပိုင်အနပညာရပ်ဝန်းတွေနဲ့ကျော်ကြားသူတွေ ဖြစ်သလို 2008 ခုနှစ် Melody Worldရဲ့ မှာတော့ နီနီခင်ဇော် (2008-winner)၊ ကျော်ဇင်မင်း၊ ကျော်သီဟ၊ ခင်စုစုနိုင် ၊အိုင်ရင်းဇင်မာမြင့်၊ ကောင်းကောင်း၊ မို့မို့လွင်၊ မီးနို နဲ့ ထိုက်ထိုက် တို့ဖြစ်ပါတယ်။

Melody World 2009 မှာတော့ ရွှေရည်ဖြိုးမောင် ကWinner ရရှိခဲ့ပြီး သူမနဲ့ အတူ ထင်ရှားသူတွေကတော့ ဗန်းသောဒ်ကျင်း၊ သီရိခင်ဇော်နဲ့ အောင်ဖုန်းမော် တို့ဖြစ်ပါတယ်။ ဖြိုးပြည့်စုံ ကတော့ Melody World 2010 မှာ Winner ရရှိခဲ့ပြီး လီလီမြင့် ၊ နဒီ တို့နှစ်ယောက်ကလည်း ကိုယ်ပိုင်အနုပညာနယ်ပယ်တွေမှာ ကျော်ကြားသူတွေ ဖြစ်ပါတယ်။ Melody World 2011 မှာတော့ ဝတ်ရည်ထက်(winner) ၊ Melody World 2012 မှာတော့ ဂျူဝယ်လ်က 1st runner ရရှိခဲ့ပြီး ယနေ့တိုင်အောင်မြင်နေသူထဲမှာ အပါအဝင်ဖြစ်ပါတယ်။

ဒီလိုအောင်မြင်ခဲ့သူတွေကို မြေတောင်မြှောက်ပေးခဲ့တဲ့ Melody World ရဲ့ တစ်ချိန်က ရွက်ပုန်းသီးလေးတွေဖြစ်ကြတဲ့ နီနီခင်ဇော် (2008-winner) ,ထက်နေခြည်( 2007-winner)၊ ချမ်းချမ်း( 2007-1st runner) ဂျူဝယ်လ်(2012-1st runner) နဲ့ ဖြိုးပြည့်စုံ(2010-winner)ဟာ ယနေ့တိုင် Melody World ကို အမှတ်တရ ရှိနေဆဲ ဖြစ်သလို ဒီအမှတ်တရတွေကို မှတ်တိုင်တစ်ခု အဖြစ် တစ်ခုခု ဖန်တီးကြမယ်လို့ နီနီခင်ဇော်က သူမရဲ့ ဖေံဘုတ်စာမျက်နာကနေ ဆိုလိုက်ပြီး ဘယ်လိုများလဲဆိုတာ ပရိသတ်တွေ စိတ်ဝင်စားနေမယ် ထင်ပါတယ်နော်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။