မြန်မာနိုင်ငံရဲ့ထိပ်တန်းအနုပညာရှင်လေးတွေထဲကတစ်ယောက်ဖြစ်တဲ့ ပရိသတ်အချစ်တော် နန်းဆုရတီစိုးကတော့ အဆိုပညာမှာလည်းထူးချွန် သရုပ်ဆောင်စွမ်းရည်တွေနဲ့လည်းပြည့်စုံ တဲ့ အနုပညာရှင်မင်းသမီးချောလေးပဲဖြစ်ပါတယ်။ ကြွေရုပ်မလေးအလား ထင်မှတ်ရ လောက်အောင် နန်းဆန်ပြီး လှပလွန်းတဲ့သူတစ်ယောက် ဖြစ်တဲ့အပြင် အချစ်ရေးမှာလဲ သာယာပျော်ရွှင်နေလို့ အရမ်းကိုအားကျစရာကောင်း လွန်းပါတယ်နော် ။

သူမရဲ့ အနုပညာလှုပ်ရှားမှု ပုံရိပ်တွေကို လူမှုကွန်ယက်စာမျက်နှာကနေ အမြဲတမ်း မျှဝေပေးနေသူလေးပါ ။ ဒီတစ်ခေါက်မှာတော့ နတ်သက်ကြွေလာ တဲ့နတ်သမီးလေး တစ်ပါးလို အရမ်းကို လှပပြီး ချစ်စဖွယ်ကောင်းလွန်းနေတဲ့ သူမရဲ့ပုံရိပ်လေးတွေကို ပရိသတ် တွေအတွက် ဝေမျှခဲ့ပါတယ်။ ကိုရီးယားမင်းသမီးလေးနဲ့ တူတဲ့သူမဟာ ကဗျာဆန်ဆန် လှပနေပါ တယ်။

သူမရဲ့ နန်းဆန်ပြီး ကြွေချင်စရာကောင်းလောက်တဲ့ အလှအပတွေ ကြောင့် Gfatt တစ် ယောက် အရမ်းတွေ သဝန်တိုတာကို ခံနေရတာပါ။ သူမရဲ့လူငယ်ဆန်ဆန် ချစ်စဖွယ်ပုံရိပ် လေးတွေကို " Always classy, never trashy, and a little bit sassy " ဆိုပြီး တင်ထား တာဖြစ်ပါတယ်။ ဘယ်အချိန်ကြည့်ကြည့် သူမက ကလေးလေးတစ်ယောက်လို ချစ်စရာ ကောင်းတဲ့ ပုံစံလေးကတော့ ရှိနေစမြဲပါပဲ။ နန်းဆုရဲ့ ချစ်စဖွယ်ပုံရိပ်လေး တွေကို တင်ဆက် ပေးလိုက်ပါတယ်။

Photo - Nansu Yati Soe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။