လက်ရှိ အမိမြေအထက်ပိုင်းဒေသတွေကို အလည်ရောက်ရှိနေတဲ့ အောင်လအန်ဆန်းကတော့ ပရိသတ်တွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းလျှက်ရှိတာတွေ့ရအပါတယ်။ ယခင် မြန်မာAwba နှင့်အတူ မြန်ပြည်အထက်ပိုင်းရှိ မကွေး၊ မြင်းခြံ၊ စလင်း၊ ရမည်းသင်း၊ ရွှေညောင်၊ ရွှေဘို၊ ကျောက်ဆည်၊ ရှမ်းပြည်အပါအဝင် အခြားမြို့များစွာကိုသွားရောက်တွေ့ဆုံခဲ့တာတွေ့ရပါတယ်။ လက်ရှိ အောင်လအန်ဆန်းကတော့ မြန်မာ့ပြည်အလယ်ပိုင်း ပုဂံဒေသကို ရောက်ရှိနေပြီး မြန်မာ့ရိုးရာဓလေ့တွေကို စိတ်ပါဝင်စားစွာ လေ့လာနေသူတစ်ယောက်ဖြစ်ကြောင်း သိရပါတယ်။  

မြန်မာ့ရိုးရာဓလေ့တွေကို စိတ်ဝင်စားနေပြီး လက်ရှိကိုယ်တိုင်လေ့လာမှုတွေများစွာပြုလုပ်နေတဲ့ အောင်လအန်ဆန်းတစ်ယောက် ဒီကနေ့ ပုဂံမြို့ကို ရောက်ရှိနေကြောင်း သိရပါတယ်။ အောင်လကတော့ ဒီကနေ့ ပုံဂံမြို့ရဲ့ အထင်ကရအလုပ်တစ်ခုဖြစ်တဲ့ ထန်းတက်ခြင်းကို ကိုယ်တိုင်ဝင်ရောက် လုပ်ဆောင်နေတာတွေ့ရပါတယ်။  

ရှေးမြန်မာတွေရဲ့ ထန်းတက်နည်းပုံစံအတိုင်း ပုဆိုးကတောင်းကြိုက်ကာ ထန်းအိုးတွေခါးမှာချိတ်ပြီး ကိုယ်တန်တက်ရောက်နေတဲ့ အောင်လအန်ဆန်းရဲ့ ပုံရိပ်တွေကတော့ ပရိသတ်တွေကို အံသြစေမယ်ထင်ပါတယ်။ ချစ်စရာ ဓလေ့ထုံးတမ်းတွေကို လေ့လာဆည်းပူးသင်ယူနေတဲ့ အောင်လအန်ဆန်းရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - Aung La Nsang

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။