လောကဓံကြားမှာ မျောပါမသွားမယ့် မင်းသမီးလို့ တင်စားခံထားရတဲ့ ခင်ဇာခြည်ကျော် ကတော့ အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ရပ်တည်ပြီး ပရိသတ်အားပေးမှု အခိုင်မာ ရရှိထားတဲ့ သရုပ်ဆောင်မင်းသမီးချောတစ်ယောက်ဘဲ ဖြစ်ပါတယ် ။ အနုပညာအလုပ်တွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေတဲ့ သူမက လက်ရှိမှာတော့ ပုဂံဘုရားဖူးရောက်ရှိနေ တာပါ ။

" အဖြူရောင်နေ့တစ်နေ" ဆိုတဲ့စာသားနဲ့အတူ ပုဂံဘုရားဖူးရောက်ရှိနေတဲ့ သူမရဲ့အလှ ပုံရိပ်တွေကို လူမှုကွန်ယက်စာမျက်နှာကနေ တစ်ဆင့် ပရိသတ်တွေကို မျှဝေပေးခဲ့တာပါ ။ သူမဟာ ဓမ္မရံကြီဘုရား မှာ အဖြူရောင် ဂါဝန်လေးနဲ့ ဆယ်ကျော်သက်လေးအလားလို့ တောင် ထင်မှတ်ရအောင် နုပျိုလှပနေတာပါ ။ Single Mother အဖြစ်နဲ့ သားသမီးတွေ ရှေ့က မားမားမတ်မတ် ရပ်တည်ပြီး လောကဓံကိုရင်ဆိုင်နေတဲ့ ရဲရင့်တဲ့မိန်းမ တစ် ယောက် က အခုတော့ ဆယ်ကျော်သက်လေးလို နုပျိုတဲ့ အလှလေးတွေ နဲ့ လန်းဆန်းတက်ကြွပြီး ပျံဝဲနေတဲ့ လိပ်ပြာလေးလို လှပလွန်းနေပါတယ် ။

သူမကိုချစ်တဲ့ ချစ်ပရိသတ်ကြီးအတွက် သူမရဲ့ နုပျိုလှပတဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှ ဝေပေးလိုက်ပါတယ်နော် ။ ခင်ဇာခြည်ကျော်ကို ချစ်ပြီး အားပေးတဲ့ပရိသတ်ကြီးကလည်း သူမရဲ့ နုပျိုတဲ့ အလှတရားတွေကို ကြည့်ရှုရင်း ဆက်လက်အားပေးလိုက်ကြပါဦးနော် ။

Source : Khin Zar Chi Kyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။