နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ညိမ်းသော်တစ်ယောက် ဘားအံနဲ့သထုံကြားရှိ မြိုင်ကလေးမှ ကယ်ဆယ်ရေးစခန်း၉ ခုတွင် အိမ်ထောင်စု ၁၅၀၀ အတွက် သွားရောက် လှူ ဒါန်းခဲ့တာပဲဖြစ်ပါတယ်။ Online Donation Group တစ်ခုနဲ့အတူ Yum Yum မိသားစုနဲ့ Xite အနီရောင် ခေါက်ဆွဲခြောက်ထုပ် 5000 ကို လည်း သွားရောက်လှူဒါန်းခဲ့တယ်လို့ဆိုပါတယ်။ သာဓုပါညိမ်းသော်ရေ။

" ည " ရုပ်ရှင်ဇာတ်ကားနဲ့ ပရိသတ်တွေရဲ့သတိထားမှုကို ရရှိခဲ့ပြီး နောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေဆက်တိုက်လုပ်ရင်း ပရိသတ်အား ပေးမှုကို ရရှိခဲ့တာပဲဖြစ်ပါတယ်။ အာရှရဲ့ နံပါတ်တစ်မင်းသားဖြစ်တဲ့ လီမင်ဟိုနဲ့လည်း ရုပ်ချင်းအနည်းငယ်ဆင်တူတယ်ဆိုတဲ့ ဝေဖန်မှုတွေကြောင့် ပရိသတ်တွေက ပိုမိုသတိထားမိလာကြတာပဲဖြစ်ပါတယ်။ လက်ရှိ မှာတော့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။

ကောင်းမှုတွေလုပ်နေတဲ့ ညိမ်းသော်တစ်ယောက် သူ့ရဲ့စုပေါင်းအလှူဒါနလေးကို " ယနေ့ ၇ ရက်နေ့မှာOnline Donation Group နဲ့အတူ ဘားအံနဲ့သထုံကြားရှိ မြိုင်ကလေးမှ ကယ် ဆယ်ရေးစခန်း၉ ခုတွင် အိမ်ထောင်စု ၁၅၀၀ အတွက် သွားရောက်လှူဒါန်းဖြစ်ပါတယ် အနီး နားက ကျေးရွာများဖြစ်သော ကော့မူးသီး / အုံးရှစ်ကုန်းရွာ/ ကော့ရေး နဲ့တခြားရွာများအား လည်း ကားဖြင့် / လှေဖြင့် တဆင့်စီသွားရောက် လှူဒါန်းဖြစ်ခဲ့ပါတယ် Yum Yum မိသားစုနဲ့ Xite အနီကောင်ကျွန်တော်လည်း ခေါက်ဆွဲခြောက်၅၀၀၀ ထုပ်အား အတူတူပေါင်း၍ လှူ ဒါန်းခဲ့ပါသေး တယ်ဗျာ " ဆိုပြီး Facebook မှာ တင်ထားတာဖြစ်ပါတယ်။ အမြဲတမ်း အခုလိုပဲ လှူနိုင်တန်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်။

Photo - Nyein Thaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။