အနုပညာလောကရဲ့ နာမည်ကြီးမင်းသား ပရိသတ်တွေ အားပေးချစ်ခင်ကြတဲ့ မင်းသား မြင့်မြတ်ကတော့ ခင်ပွန်းဘဝကနေ ဖခင်ဘဝကို ရောက်ရှိလို့ သွားပါပြီ ပရိသတ်ကြီးရေ။ ပရိသတ်တွေသဘောကျတဲ့ ချစ်သူစုံတွဲဘဝကနေ လက်ထပ်ခဲ့ကြတဲ့ သူတို့နှစ်ဦးကတော့ ယနေ့မှာပဲ သားလေးတစ်ဦး မွေးဖွားလိုက်တယ်လို့ သိရပါတယ်။ ဖခင်ဖြစ်သွားတဲ့ မြင့်မြတ်ကတော့ သားလေးအတွက် ဝမ်းသာပီတိဖြစ်နေပြီး မိခင်ဖြစ်သူလည်း ကျန်းကျန်းမာမာရှိနေတယ်လို့ သိရပါတယ်။ 

ပရိသတ်တွေကတော့ ဂျင်းကောင်အတွက် ဝမ်းသာပီတိဖြစ်နေကြပြီး မြင့်မြတ်ရဲ့သားလေးကိုတော့ ချစ်စနိုးလေးနဲ့ "ဂျင်းကောင်ပေါက်စလေး" ဆိုပြီး ခေါ်ဝေါ်နေကြတာကိုလည်း တွေ့ရပါတယ်။ မြင့်မြတ်အတွက် အနုပညာလောကသား တော်တော်များများလည်း ဝမ်းသာနေကြပြီး congratulations စကားဆိုထားတာကိုလည်း တွေ့ရပါတယ်။ ဦးခင်လှိုင်ကတော့ မြင့်မြတ်ကို ဂုဏ်ပြုစကားဆိုထားပြီး သားလေးကလည်း ချစ်စရာကောင်းတယ်ဆိုပြီး ချီးမွမ်းစကားဆိုထားပါတယ်။ 

အခြား အနုပညာရှင်တွေဖြစ်ကြတဲ့ ကျော်ထက်အောင် ကိုဘင်းနဲ့ နှိုင်းယှဉ်တို့ ဇနီးမောင်နှံ ဒါရိုက်တာ ကိုပေါက်တို့ကလည်း မြင့်မြတ်အတွက် ဝမ်းသာစကားဆိုထားကြပါတယ်။ ကလေးရော မိခင်ရော ကျန်းကျန်းမာမာ ရှိနေတယ်လို့ သိရပြီး သူတို့မိသားစုရဲ့ အင်တာဗျူးလေးတွေလည်း တွေ့လို့နေရပါတယ်။ မြင့်မြတ်ကတော့ သားဖြစ်သူအတွက် အတော်လေးဝမ်းသာလို့နေတာတွေ့ရပြီး အချို့ဓာတ်ပုံလေးတွေမှာ ဝမ်းသာမျက်ရည်တွေစို့နေတာကိုလည်း တွေ့ရပါတယ်။ ကဲ ပရိသတ်ကြီးအတွက် မြင့်မြတ်တို့ မိသားစုဓာတ်ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်......

Photo Source : Myo Min Hein

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။