မြန်မာ့ဇာတ်သဘင်လောကမှာ ထိပ်တန်းဇာတ်မင်းသားကြီးတစ် ယောက်အဖြစ်နေရာယူခဲ့တဲ့ ဦးမိုးမင်းကတော့ ပရိသတ်တွေရင်ထဲမှာ ထာဝစဉ်ရှင်သန်နေတဲ့ ပြည်သူချစ်အနုပညာရှင်ကြီးတစ်ယောက်ဆိုရင်မမှားနိုင်ပါဘူး။ဦးမိုးမင်းကတော့ မြန်မာမိုက်ကယ်ဂျက်ဆင်ဆိုတဲ့နာမည်လေးနဲ့လည်းတစ်ခေတ်တစ်ခါကပရိသတ်ကြားရေပန်စား နာမည်ကျော်ကြားခဲ့တာဖြစ်ပြီး သူရဲ့ ထူးခြားတဲ့ မိုက်ကယ်ဂျက်စတင်ကကွက်တွေကိုလည်းပရိသတ်တွေအမှတ်ရနေကြအုန်းမယ်ထင်ပါတယ်။လက်ရှိမှာတော့ အနုပညာလောက ဇာတ်သဘင်လောကကနေ အနားယူခဲ့ပြီး မိသားစုနဲ့အတူ နိုင်ငံခြားမှာ အခြေချ နေထိုင်နေတာပဲဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ ဦးမိုးမင်းတစ်ယောက် Myanmar Idol ပြိုင်ပွဲဝင်တွေအပေါ်ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်နေကြတဲ့အပေါ် စိတ်မကောင်းစွာနဲ့ရင်ဖွင့်လာခဲ့ပါတယ်။မြန်မာနိုင်ငံကြီးနဲ့မိုင်ပေါင်း ထောင်ချီးဝေးနေပေမယ့် ချစ်ရတဲ့အမိမြေက သတင်းစကားတွေကို အချိန်တိုင်းနားစွင့်နေပုံရပါတယ်နော်။လက်ရှိမှာတော့ Myanmar Idol သီချင်းဆိုပြိုင်ပွဲကြီးဟာ ပြိုင်ဆိုင်မှုအပြင်းအထန်ဆုံး ပရိသတ် အားပေးအကြမ်းဆုံးသီချင်းဆိုပြိုင်ပွဲကြီးအဖြစ် ပရိသတ်တွေကြားမှာ ရေးပန်းစားနေတာပဲဖြစ်ပါတယ်။ 

တစ်ဆင့်ပြီးတစ်ဆင့်ရင်ခုန်စရာအစီစဉ်တွေနဲ့ပြိုင်ပွဲဝင်တွေရဲ့မတူညီတဲ့ ရသတွေကိုပေးစွမ်းခဲ့တဲ့ Myanmar Idolပြိုင်ပွဲကြီးမှာတော့ ပရိသတ်တွေအားလုံးသိကြအတိုင်းနောက်ဆုံးဖိုင်နယ်ပွဲကြီးကို ပြိုင်ပွဲဝင်ဖြိုးမြတ်အောင်နဲ့ ချမ်းမြေ့မောင်ချိုတို့က တက်လှမ်းသွားခဲ့ကြပြီပဲဖြစ်ပါတယ်။ပြိုင်ပွဲဝင်နှစ်ဦးစလုံးအမာခံပရိသတ်တွေနဲ့ အုန်းအုန်းကျပ်ကျပ် အားပေးနေခြင်းကိုခံနေရကြပြီး တစ်ချို့သော ပရိသတ်တွေကလည်း တစ်ဘက်ကပြိုင်ပွဲအပေါ် ပြင်းထန်တဲ့ ကဲ့ရဲ့ရှုံ့ချမှုတွေနဲ့ဝေဖန်နေတာကြောင့် ဦးမိုးမင်းတစ်ယောက်အရမ်းကို စိတ်မကောင်းဖြစ်နေရတာပဲဖြစ်ပါတယ်။အဲ့ဒါကြောင့်သူရဲ့လူမှုကွန်ယက်ကနေ ရင်တွင်းခံစားချက်ကိုစုစည်းပြီး ခံစားချက်တွေကို ဖွင့် ထုတ်လိုက်တာပဲဖြစ်ပါတယ်။ဦးမိုးမင်းရဲ့ ခံစားချက်ဗီဒီယိုဖိုင်လေးကိုလည်းပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ရပါတယ်နော်။

သတင်းအရင်းအမြစ် - မိုးမင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။