ပရိသတ်ကြီးရေ အဆိုတော်၊သရုပ်ဆောင် မင်းသမီးချောလေး နန်းဆုရတီစိုးကတော့ အသံချိုချိုလေးနဲ့ နားဆင်သူတွေ ရင်ထဲရောက်အောင် သီချင်းလေးတွေ သီဆိုတတ်သလို သရုပ်ဆောင်လောကမှာ နာမည်ရနေတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ ကိုရီးယားမလေးတွေ ဖြူဖွေးတဲ့ အသားအရေနဲ့ ပန်းနုရောင်သန်းနေတဲ့ မျက်နှာလှလှလေးကိုလည်း ပိုင်ဆိုင်ထားတဲ့ နန်းဆုက တစ်နေ့တစ်ခြားအလှတွေ ပိုတိုးပြီးလှလာတာ တွေ့ရပါတယ်။ 

လတ်တလောမှာ နန်းဆုက သရုပ်ဆောင်ပိုင်းကို အနားယူထားပြီး အဆိုဘက်ကို ပိုအားစိုက်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ သီချင်းသစ်လေးတွေလည်း ဖန်တီးနေပြီး အခုလက်ရှိမှာလည်း နန်းဆုက စင်ကာပူနိုင်ငံကို ရှိုးပွဲတစ်ခုအတွက် ချစ်သူ ဖြစ်တဲ့ G fattနဲ့အတူ ရောက်ရှိနေပါတာ ဖြစ်ပါတယ်။ စင်ကာပူနိုင်ငံမှာ သြဂုတ်လ ၅ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ " Frenzo@Zouk2108" ပွဲမှာ G Fatt ကလည်း ပါဝင်ဖျော်ဖြေခဲ့ပြီး နန်းဆုကလည်း ချစ်သူကို အားပေးဖို့အတွက် သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

ဘာဝတ်ဝတ်လိုက်ဖက်ပြီး လှနေတဲ့ နန်းဆုက အခုလည်း စင်ကာပူမှာ လည်ပတ်နေတဲ့ သူမရဲ့အလှပုံလေးတွေကို Facebook မှာ တင်ထားတာ တွေ့ရပါတယ်။ နန်းဆုက "ခရီးသွားရင် အမှတ်တရတွေကို မှတ်ဉာဏ်တွေထဲမှာလည်းသိမ်းသလို Photo ရိုက်ပြီးလည်းသိမ်းဖြစ်တယ် ခရီးသွားခြင်းအနုပညာ'' ဆိုပြီး အလန်းစားဖက်ရှင်လေးနဲ့ အထာကျနေတဲ့သူမရဲ့ပုံလေးတွေကို ဝေမျှထားတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေလည်း အဆိုတော်၊မင်းသမီးချောလေး နန်းစုရဲ့ ချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေကို ရှုစားဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Nansu Yati Soe ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။