ပရဟိတလုပ်ငန်းတွေမှာ စံပြပုဂ္ဂိုလ်တစ်ဦးအဖြစ် ပရိသတ်တွေတင်စားထားတဲ့ သရုပ်ဆောင်အကယ်ဒမီမင်းသားဝေဠုကျော်ကတော့ ပရဟိတလုပ်တဲ့နေရာမှာ တကယ်ကိုအံ့မခမ်းပါပဲ..။

မြန်မာပြည်မြို့နယ်တော်တော်များများမှာ သဘာဝဘေးအန္တရာယ်ကြောင့် ရေကြီးရေလျှံမှုများ ဆက်တိုက်ဖြစ်ပေါ်နေပြီး တာဝန်ရှိသူများအပြင် ပြည်သူများနဲ့အနုပညာရှင် တော်တော်များများကလည်း ကယ်ဆယ်ကူညီမူများ ပြုလုပ်နေမူများ တွေ့ရပါတယ်..။

ပရဟိတမင်းသားဝေဠုကျော်ကလည်း အနယ်နယ်အရပ်ရပ်မှာ လိုက်လံကူညီကယ်ဆယ်မှုများနဲ့ လှူဒါန်းမှုများ ပြုလုပ်နေပြီး ရေစီးနဲ့ မျောပါသွားသူနှစ်ဦးကိုလည်း အသက်စွန့်ကာ ကိုယ်တိုင်ရေငုပ်ရှာဖွေခဲ့တယ်လို့ သိရပါတယ်..။

ပြီးခဲ့တဲ့ သြဂုတ်လ(၅)ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့မှာ လူကြီးတစ်ဦးနဲ့လူငယ်တစ်ဦး ရေစီးနဲ့မျောပါသွားပြီး ဘာအံမြို့မီးသတ်တပ်ဖွဲ့များနဲ့ မြိုနယ်ရဲတပ်ဖွဲ့ဝင်များအပြင် ရပ်မိရပ်ဖများနဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းတို့က ပူးပေါင်းရှာဖွေကြပြီး ဝေဠုကျော် ကိုယ်တိုင်ကလည်း ရေငုပ်ရှာဖွေမှုများ ပြုလုပ်ခဲ့ပါတယ်..။

ရေစီးသန်နေတဲ့ ရေစီးကြောင်းမှာ ဝေဠုကျော်ကိုယ်တိုင် အသက်စွန့်ပြီးရေငုပ်ရှာဖွေရာ ရေစီးနဲ့မျောပါသွားတဲ့ လူနှစ်ဦးအနက် လူကြီးအလောင်းတစ်လောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး လူငယ်သတင်းကတော့ မကြားသိရသေးပါဘူး..။

ကိုယ်ကျိုးစွန့်ပြီး စွန့်စားခဲ့တဲ့ ပရဟိတမင်းသားဝေဠုကျော်ရဲ့ လေးစားအတုယူဖွယ် ပရဟိတစိတ်ဓာတ်ကတော့ တကယ့်ကို လေးစားချီးကျူးဖွယ်ပါပဲ.. ပရိသတ်ကြီးရေ..။

Photo - ဝေဠုကျော်ဖောင်ဒေးရှင်း၊ မောင်မောင်သန့်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။