လက်ရှိအနုပညာလောကမှာ နာမည်ရလာသူလေး မော်ဒယ် ဂျူးဂျူးသစ္စာ ကိုတော့ ပရိသတ်တော်တော်များများသိရှိပြီးသားဖြစ်မယ်ထင်ပါတယ်။ချစ်စရာကောင်းတဲ့ အမူအရာလေးတွေနဲ့ သူမရဲ့ ဟန်ပန်လေးတွေက ပရိသတ်တွေကိုဖမ်းစားစေခဲ့တာလည်းဖြစ်ပါတယ်။အမြဲတမ်းချစ်စရာကောင်းတဲ့ ဓာတ်ပုံလေးတွေကြောင့် ပရိသတ်အချစ်ပိုစေခဲ့တာပါ။

ယခုအခါမှာလည်း သူမရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ရပါတယ်။ပန်းရောင် အကျီၤ လေးနဲ့ လူငယ်စတိုင်ပေါ့ပေါ့ပါးပါးဖက်ရှင်လေးက တကယ့်ကို ကြည့်ရသူပရိသတ်တွေတိုင်းချစ်ခင်စရာကောင်းနေပါတယ်။

ရိုးရှင်းတဲ့ အပြုံးနဲ့ ကလေးတစ်ယောက်လို အပြစ်ကင်းစင်တဲ့ အမူအရာလေးတွေကိုတော့ပရိသတ်တွေသဘောကျမိလိမ့်မယ်လို့လည်းထင်ပါတယ်။သူမရဲ့ ဓာတ်ပုံလေးတွေကတော့ တကယ့်ကို စွဲဆောင်မှုရှိနေတာကတော့ အမှန်ပါပဲ။သူမကိုချစ်တဲ့ ပရိသတ်တွေအတွက်ဂျူးဂျူးသစ္စာ ရဲ့ ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ရပါတယ်နော်....

သတင်းအရင်းအမြစ်-ဂျူးဂျူးသစ္စာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။