ဒီနေ့ ဟာ မြန်မာနိုင်ငံရဲ့ သမိုင်းဝင် နေ့တနေ့ ဖြစ်တဲ့ ၈၈ အရေးတော်ပုံနေ့ နှစ်(၃၀) ပြည့်နှစ် တိုင်ခဲ့တဲ့ နေ့တနေ့ ဖြစ်ပါတယ်။ ဒီနေ့လို မြန်မာသမိုင်းမှာ စာတင်ခဲ့ရတဲ့ အကြီးမားဆုံးသော လူထု အုံကြွမှု တစ်ခုအဖြစ် ၁၉၈၈ ခုနှစ်၊ ၈လ၊ ၈ရက်နေ့ မှာ အာဏာရှင်စစ်အုပ်ချုပ်ရေးစနစ် ကိုတိုက်ဖျက်ပစ်တဲ့နေ့တစ်နေ့ ဖြစ်ပါတယ်။ မြန်မာတစ်နိုင်ငံလုံးက ကျောင်းသားများပါဝင် ဦးဆောင်ပြီး တတိုင်းပြည်လုံး လှည်းနေ လှေအောင်းမြင်းဇောင်းမကျန် လူတန်းစားအားလုံးက တက်ညီလက်ညီတွန်းလှန်ကာ လူထုံအုံကြွမှု တစ်ရပ်ဖြစ်ပွားခဲ့တာ ခဲ့ကြတာဖြစ်ပါတယ်။

မြန်မာ့သမိုင်းဝင်နေ့တနေ့ဖြစ်သလို ပြည်သူတွေရဲ့ အသက် သွေး ချွေးတွေကိုပေးဆပ်ခဲ့ကြရတဲ့ နေ့ တနေ့လည်းဖြစ်ပါတယ်။ ရှစ်လေးလုံး ဆန္ဒပြပွဲတွေအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသူ ၃,၀၀၀ ကနေ ၁၀,၀၀၀ အထိ ရှိလိမ့်မယ့်လို့ ခန့်မှန်းထားကြပါတယ်။ ဆန္ဒပြပွဲရဲ့ ဖမ်းဆီးခံရပြီးနောက် အချုပ်ကားအတွင်းမှာ အသက်ရှုကြပ် သေဆုံးခဲ့ရသူတွေလည်း ပါဝင်ခဲ့ပါတယ်။အသက်သွေးချွေးတွေနဲ့ပေးဆပ်ခဲ့ကြတဲ့ သူရဲကောင်းအပေါင်းကိုလဲ ယနေ့ထိ လွမ်းဆွတ် တမ်းတနေရဆဲ ဖြစ်သလို ယနေ့ နှစ်ပေါင်း(၃၀) တိုင်ခဲ့ပေမဲ့လည်း မမေ့နိုင်ပဲ ပူပူနွေးနွေး ရှိနေဆဲဖြစ်ပါတယ်။

အနုပညာရှင်တွေဖြစ်ကြပေမဲ့လည်း ပြည်သူ့ဘက်က ရဲရဲဝံ့ဝံ့ ရပ်တည်ခဲ့သော သမိုင်းဝင်အနုပညာရှင်များ ဟာ ယနေ့ အနုပညာရှင် သမိုင်းစာမျက်နာမှာပါ တာဝန်ကျေသော ပြည်သူ့သားကောင်း၊ သမီးကောင်းများအဖြစ် မှတ်တမ်းတင်ခဲ့ကြပါတယ်။၈-၈-၈၈ အရေးတော်ပုံ မှာပါဝင်ခဲ့တဲ့ တစ်ချိန်က လူငယ်အနုပညာရှင်တွေ ဖြစ်ကြတဲ့ ပုံရိပ်တချို့ဟာ ယနေ့ လူငယ်တွေရဲ့ စံထားစရာသမိုင်းမှတ်တမ်းဝင် တစ်ခုဖြစ်ခဲ့နေခဲ့သလို တချို့မှာ ယနေ့တိုင်အောင်မြင်ဆဲ၊ တချို့မှာ ဘဝတပါးကွယ်လွန်လို့ ဒီနေ့မှာတော့ သူတို့ရဲ့ ဂုဏ်ယူစရာ အချိန်ကောင်း နှစ်ပတ်လည်ကို မခံစားနိုင်တော့ပါ။

" ပြတ်ပြတ်သားသား တိုက်ပွဲဝင်မယ် " ဆိုတဲ့ ဦးစိုင်းထီးဆိုင် ၊ ယနေ့မှာတော့ သူ့ရဲ့ တစ်သက်တာ ဂီတတွေကို ချန်ရစ်ပြီး ဘဝတပါး ကူးပြောင်းခဲ့ပြီဖြစ်ပါတယ်။ အားနွဲတဲ့ မိန်းကလေးပေမဲ့လည်း လက်သီးလက်မောင်းတန်း ရှေ့ကနေ တိုက်ပွဲ ဝင်ခဲ့တဲ့ အန်တီမေသန်းနု၊ ရုပ်ရှင်သမ္မဂ အနေနဲ့ ပါဝင်ခဲ့ကြတဲ့ ရန်အောင်၊ စိုးသူ၊ ကျော်သူ၊ မောင်သန်းဝင်း တို့ အပါအဝင် ယနေ့ ရုပ်ရှင် အစည်းအရုံး ဥက္ကဌဖြစ်တဲ့ ဦးဇင်ဝိုင်း တို့လည်းပါဝင်ခဲ့ပါတယ်။ ဒါအပြင် ဝါရင့် အနုပညာရှင်၊ သရုပ်ဆောင်၊ မင်းသမီး ၊ တွေဖြစ်ကြတဲ့ အန်တီ လှလှမိုး၊ အန်တီ မေဝင်းမောင် ၊ ဦး ထွန်းထွန်းဝင်း၊ ဦး မောင်မောင်မြင့်၊အန်တီ ချစ်ချစ်ဇော် ၊ ဦးအံကျော် ၊ အန်တီ ဆွေဇင်ထိုက်တို့ ဟာလည်း တစ်ချိန်က လူငယ်ကျောင်းသားတွေအဖြစ် ပါဝင် လုှပ်ရှားခဲ့သလို ၈-၈-၈၈ရဲ့ တစ်ချိန်က လူငယ်အနုပညာရှင်များအဖြစ် ဂုဏ်ပြုတင်ပြအပ်တယ်။

source: the red - အနီ &ဗိဿနိုးပန်းချီပြခန်း ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။