ပူပူနွေးနွေးလူ့လောကထဲ ရောက်ရှိခဲ့တဲ့ ပြည်သူ့အချစ်တော်မင်းသားမြင့်မြတ်ရဲ့ သားဦးလေးကတော့ ပရိသတ်ကြား အရမ်းကိုရေပန်းစားနေပြီး သားဦးလေးမွေးဖွားလိုက်တဲ့ မြင့်မြတ်ရဲ့ဝမ်းသာစရာသတင်းကြောင့်လည်း လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပရိသတ်တွေကလည်း ဝမ်းသာပြီးဂုဏ်ပြုပေးထားကြတာ တွေ့ရပါတယ်..။

ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာရရှိထားသလို သားဦးလေးကြောင့် အရမ်းကိုအပျော်ကြီးပျော်နေပြီး သားလေးကို ချစ်မဝဖြစ်နေတဲ့ မြင့်မြတ်ရဲ့ အပျော်တွေကတော့ တကယ့်ကိုပြောပြစရာစကားလုံးမရှိလောက်အောင် ဝမ်းသာပီတိဖြစ်နေမှာ အသေအချာပါပဲ..။

ပရိသတ်တွေက မြင့်မြတ်ကို ချစ်ခင်အားပေးသလို သူ့ရဲ့မွေးနေ့ သြဂုတ်လ(၇)ရက်နေ့ အင်္ဂါနေ့မှာမွေးဖွားခဲ့တဲ့ ဂျူနီယာမြင့်မြတ်လို့ ပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့ မြင့်မြတ်ရဲ့သားဦးလေးကိုလည်း ပရိသတ်တွေ သည်းသည်းလှုပ်အချစ်ပိုကြရပြန်ပါပြီနော်..။

ပြည်သူအားလုံးအချစ်ပိုနေကြတဲ့ မြင့်မြတ်ကတော့ မျက်လုံးလေးသိပ်မဖွင့်သေးတဲ့ မွေးကင်းစသားလေးကို တီတီတာတာစကားတွေပြောရင်း ပီတိဖြစ်ရင်း အမှတ်တမဲ့ရိုက်ကူးထားတဲ့ ကြည်နူးစရာဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေလိုက်ပါတယ်..။

ဗီဒီယိုဖိုင်လေးထဲမှာလည်း သားလေးကို ကြည်ကြည်နူးနူးစကားတွေ ပြောရင်း ပျော်ရွှင်နေတဲ့ မြင့်မြတ်တို့သားအဖနှစ်ယောက်ရဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကတော့ ကြည်ရှု့သူများပြားနေပြီး ပရိသတ်တွေ သဘောကျအချစ်ပိုနေကြတာ တွေ့ရပါတယ်..။

သားလေးကို ချစ်မဝဖြစ်နေတဲ့ မြင့်မြတ်ပရိသတ်တွေအတွက်လည်း သားအဖနှစ်ယောက်ရဲ့ ကြည်နူးစရာဗီဒီယိုဖိုင်လေးကို Myanmarload ပရိသတ်ကြီးများအတွက် ပြန်လည်မျှဝေပေးလိုက်တာမို့ မွေးနေ့တူတဲ့သားအဖနှစ်ယောက်အတွက် ဂုဏ်ပြုစကားလေးတွေ ပြောပေးသွားပါဦးနော်..။

Photo - မြင့်မြတ်၊ ကိုမျိုုးချစ်ကို

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။