Myanmar Idol Top 2 ထိ တစ်ဆင့်ချင်းကြိုးစား ယှဉ်ပြိုင်လာခဲ့တဲ့ ပြည်သူချစ်တဲ့ ပြိုင်ပွဲဝင်လေး ချမ်းမြေ့မောင်ချိုကတော့ ပရိသတ်တွေရဲ့ ဝေဖန်မှုကို အပြင်းထန်ခံစားနေရတဲ့ ကာလ မှာအရမ်းကို စိတ်ဓာတ်တွေကျနေခဲ့တာပါ ။

သူမကို အားပေးထောက်ခံတဲ့သူအများပြားရှိခဲ့သလို သူမကို မကြိုက်တဲ့ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေက လည်း အရမ်းကိုများပြားနေဆဲပါဘဲ ။

သူမရဲ့စိတ်ဓာတ်တွေကျပြီး စိတ်ထောင်းကိုယ်ကြေ ဖြစ်နေတဲ့ ပုံနဲ့အတူ သူမရဲ့အစ်ကိုဖြစ်သူ သူရက စိတ်မကောင်းဖြစ်နေကြောင်းကို သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေရေးသားဖော်ပြခဲ့ပါတယ် ။

" ပြိုင်ပွဲမြန်မြန် ပြီးမှပဲ ညီမလေးရယ် အသက်နဲ့ ဖိအားတွေနဲ့ စကားလုံးတွေနဲ့ မလိုက်ဘူး

ရက်စက်လွန်းကြတယ် မနေ့မနက်က သူ့အမကိုပြောတယ် သူမပြိုင်ချင်တော့ဘူး ထွက်ပြေးချင်ပြီတဲ့ " ဆိုတဲ့ စာသားနဲ့အတူ ဖော်ပြရေးသားခဲ့တာဖြစ်ပါတယ် ။ မပြိုင်ချင်တော့ဘူး ထွက်ပြေးချင်ပြီဆိုတဲ့ စကားကိုပြောပြီး ညနေပိုင်းမှာတော့ အခုလို ဝှီးချဲနဲ့သတိလစ်ပြီး ဆေးခန်းပြရတဲ့ထိ ဖြစ်ခဲ့တာပါ ။

သူမအစ်ကို သူရက လည်း winner ရရမယ်ဆိုပြီး ဘယ်သူမှလည်းပြောမနေပါဘူး.. သူစိတ်လှုပ်ရှားပြီးလွဲသွားတယ် အားလုံးလက်ခံတယ် ကျနော်တို့လည်းလက်ခံတယ်

သူကိုယ်တိုင်လည်းလက်ခံတယ် ဘာလိုရလဒ်တွေပဲရပါစေ ဘာလာလာလက်ခံပြီးသားပါ လို့ ပြောခဲ့ပါတယ် ။

ချမ်းမြေ့မောင်ချိုလေး အမြန်ဆုံး စိတ်သက်သာရာရပြီး နေကောင်းပါစေလို့ Myanmarload အဖွဲ့သားများမှ ဆုတောင်းပေးလိုက်ပါတယ်နော် ။

Source : Thura

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။