Miss Grand Myanmar 2017 ရဲ့သရဖူပိုင်ရှင်လေး အလှမယ်ရွှေအိမ်စည်ကတော့ ပြိုင်ပွဲနီးမှ မတော်မဆ ခြေထောက်ဒဏ်ရာရရှိခဲ့ပြီး ပြိုင်ပွဲနဲ့ လွဲချော်ရမလား မသိအောင်ဖြစ်နေရပါတယ်။သူမကတော့ Miss Golden Land Myanmar 2018 ပွဲကြီးမှာ ပါဝင်ယှဉ်နေတာပဲ ဖြစ်ပါတယ်။ Miss Golden Land Myanmar 2018 ပွဲကြီးရဲ့ နောက်ဆုံး Final Night ကတော့ လာမယ့် 14 Augustရက်မှာပြုလုပ်မှာဖြစ်ပြီး သူမကတော့ အနားနီးမှ တကယ့်ကို ကံမကောင်းစွာနဲ့ ခြေထောက်ဒဏ်ရာရှိခဲ့တာပဲ ဖြစ်ပါတယ်။

ထင်မှတ်မထားတဲ့ ကံဆိုးမှုတွေနဲ့ ပတ်သတ်ပြီး သူမရဲ့လူမှုကွန်ယက်မှာလည်း" အရေးကြီးတဲ့အချန်တစ်ခုရောက်ရင် ကံဆိုးတက်တာက အစဉ်အလာလိုဖြစ်နေတယ် ဆိုတဲ့စကားလေးနဲ့ အစချီထားပြီး သူမရဲ့ ကံဆိုးမှုတွေကို ဆက်လက်ပြောပြခဲ့ပါတယ်။ " မနေ့ ညက accident တစ်ခုဖြစ်သွားတယ်။အိမ်စည်နဲ့pageant နဲ့ လည်းအကျိုးမပေးဘူးလားမသိဘူး ဘာပဲဖြစ်ဖြစ်လုပ်နိုင်သလောက်တော့ ဆက်လုပ်ရမှာပဲ အတက်နိုင်ဆုံးပေါ့" ဆိုတဲ့စာလေးနဲ့ ဒဏ်ရာရရှိခဲ့ပေမယ့် ပြိုင်ပွဲအတွက် အားလျော့မသွားတဲ့ သူမရဲ့ လေးစားစရာစိတ်ဓာတ်လေးကို ကြားသိခဲ့ရပါတယ်။

ဆက်လက်ပြီး " ကြားထဲမှာ လက်ခံထားတဲ့အလုပ်တွေမလုပ်နိုင်ဖြစ်တော့တာလည်း စိတ်မကောင်းပါဘူး။ပြီးတော့ အိမ်စည့်ကိုမျှော်လင့်ထားတဲ့ပရိသတ်တွေကို ကြိုတင်အသိပေးထားတဲ့ သဘောပါ။ ဒီပြိုင်ပွဲမှာ အိမ်စည်အကောင်းဆုံးဖြစ်အောင် လုပ်သွားမယ်။ဒါပေမဲ့ ဒဏ်ရာအခြေအနေကြောင့် အဆင်မပြေဘူးဆိုလည်း အိမ်စည့်ကိုနားလည်ပေးပါ" ဆိုတဲ့စကားလေးနဲ့ ပရိသတ်တွေကို မေတ္တာရပ်ခံလာခဲ့တာပဲ ဖြစ်ပါတယ်။ကဲပရိသတ်ကြီးရေ အနိုင်အရှုံးအတွက်မဟုတ်ပဲ ဒဏ်ရာရရှိခဲ့တာတောင် အားလျော့မသွားတဲ့ ရွှေအိမ်စည်ရဲ့ လေးစားဖွယ်စိတ်ထားလေးကို အားပေးရင်း ပြိုင်ပွဲမှာအကောင်းဆုံးရလဒ်တွေထွက်နိုင်ဖို့ဆုတောင်းပေးလိုက်ကြပါအုန်းနော်။  

သတင်းအရင်းအမြစ် - ရွှေအိမ်စည် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။